ကျော်လေး မိုးသည်းနေတာကြောင့် ကားကိုအရင်လိုကားဂိုထောင်ထဲမထည့်ပဲ အိမ်ရှေ့ပေါ်တီကိုမှာအသာထိုး ရပ်လိုက်တာနဲ့ခတ်နီနဲ့ဦးသီလကဆင်းလာပီး ကြိုလာသည်။
"အယ် ဦးထွဋ်အစောကြီးပြန်ရောက်နေတာလား ကိုခတ်"
"ဟုတ်တယ် ကျော်လေး ဆရာခေါင်းကိုက်နေတယ်ဆိုလို့နေ့လည်ကတည်းကပြန်လာတာ"
"အမ် ဖျားပီလား ကျွန်တော့်စီကကူးပီထင်တယ်"
"အဟင်း"
ကျော်လေးခတ်နီရဲ့စကားကိုကြားတာနဲ့အိတ်တွေကိုဦးသီလလက်ထဲထည့်ခဲ့ပီး အပေါ်ထပ်ကို တက်ဖို့ဓာတ် လှေကားထဲ၀င်ဖို့ပြင်လိုက်စဉ်
"ဆရာဒုတိယထပ်မှာကျော်လေး သူဌေးကြီးနဲ့စကားပြောနေတယ်"
"အော်အော် ဟုတ်ပီ ကိုခတ်"
ကျော်လေး ဦးဆွေမိုးမောင်မောင်အိပ်သည့်အခန်းရှိရာဘက်ကို လာခဲ့လိုက်သည်။ အခန်းရှေ့အသာရပ်ရင်း တံခါးကိုခေါက်ဖို့ပြင်လိုက်စဉ်...
"မင်းအတွက် ဒီကောင်လေးက လက်တွဲဖော်လိုအဖော်တစ်ယောက် ဖြစ်လာမှာသေချာလား သားကြီး.."
"သေချာတယ်ဖေဖေ ကျွန်တော်အရင်ကတည်းကဆုံးဖြတ်ပြီးပြီ သေချာစဉ်းစားဆုံးဖြတ်ပီးသားပါ"
"အိမ်း...မင်းဆုံးဖြတ်ထားပြီးပီဆိုတာ ငါသိပါတယ် ဒါဗေမဲ့..မင်း..."
"ဖေဖေ ကျွန်တော်စိတ်ကိုကဒီကောင်လေးကလွဲလို့ဘယ်သူနဲ့မှမဖြစ်ဘူးလို့အရင်ကတည်း က ဖေဖေ့ကိုပြောပြထားပီးသား.....ကျွန်တော့်စိတ်ကိုနားလည်ပေးပါတော့ဗျာ..."
"အေးပါ ငါလဲမင်းနဲ့ဒီကောင်လေးကိုသဘောမတူဘူးလို့မပြောလိုပါဘူးကွ ဒါဗေမဲ့မင်းမှာဒီလိုဆိုမျိုးဆက်ရဖို့ ခက်သွားပီလေထွဋ်မောင် ငါတို့မှာမျိုးဆက်လိုနေတယ်ကွ ဒါကိုတော့မင်းမဖြစ်မနေထည့်တွက် ထားရမယ်ထွဋ်မောင်ငါတို့သေချာစဉ်းစားဖို့လိုနေပြီကွ"
"....."
ဦးထွဋ်နဲ့ဖခင်ဖြစ်သူဦးဆွေမိုးမောင်မောင်နှင့်အတူစကားပြောနေသည့်အသံတွေကိုအခန်းအပြင်ကနေ သေချာ ကြားလိုက်ရလို့ကျော်လေး အခန်းထဲကိုမ၀င်တော့ပဲခြေသံကိုဖော့ကအသာအယာလှည့်ထွက်လာခဲ့လိုက် သည်။
YOU ARE READING
("လင်းပိုင်လေး"ရဲ့ကောင်းကင်ပြာ) "Completed" U&Z
RomanceAdam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့တဲ့အထဲမှာမပါပါဘူးကွာ RING-S စာရေးသူ၏စိတ်ကူးပုံဖော်မှုတစ်ခုသာဖြစ်ပါသည်။ Adam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့အထဲမှာမပါပါဘူးကွာ RING-S