Dolphin 🐬 26

1.4K 118 8
                                    

Unicode

ဦးထွဋ်ရဲ့အမိန့်သံပါနေသည့်စကားကြောင့်ခတ်နီနှင့်အတူ ဦးသိန်းမြင့်ပါ ထိုအခန်းထဲကနေ တိတ်တဆိတ် ထွက်သွားကြသည်။ ကျော်လေးထိုင်ရာကနေထလိုက်သည့်အခါ သူ့ရဲ့ပခုံးကိုအသာဖိပီး ခုံမှာ ပြန်ထိုင်ခိုင်း သူကတော့သူ့ရဲ့ Daddy ကြီးပင်။

"ဘယ်လဲ မောင့်နားမှာပဲနေလေ. ပြဇာတ်မပီးသေးပါဘူးဆိုနေ အဆုံးထိကြည့်..အဟက်.."

ကြောင်အမ်းအမ်းနဲ့ပြန်ထိုင်လိုက်ရသူက ကျော်လေးပင်။ သူ့ခေါင်းက ဥာဏ်မှီသလောက်တွေးခေါ်ပီး နားထောင်နေတာတောင်သူ့မှလိုက်လို့ကိုမမှီဖြစ်နေရသည်။ထို့ကြောင့် ဦးထွဋ်ပြောသည့်အတိုင်းသာ ငြိမ်ပီး နားထောင်ဖို့သာရှိသည်။အခန်းထဲတွင်လူလေးယောက်သာကျန်ခဲ့လေသည်။ ဦးထွဋ်မောင်မောင် ဖခင်ဖြစ် သူနားကို သွားလိုက်ပီး ဖခင်ရဲ့လက်ကိုသေချာဆုပ်ကိုင်လိုက်သည်။ သူ့ကိုအံ့သြနေသည့် မျက်လုံး တွေနဲ့ကြည့် နေသည့်ဖခင်ဖြစ်သူရဲ့အကြည့်တွေကို ဦးထွဋ်သေချာစိုက်ကြည့်ပီးနောက်

"အားတော့နာပါတယ် ဖေဖေ ကျွန်တော့်အကြောင်းတွေအကုန်သိသွားပီ..ဒါကြောင့်ကျွန်တော့် ကိုပြောခွင့်ပေးလိုက်ပါတော့"

"မင်းဘာတွေသိထားတာလဲ သားကြီး...မင်း...မဟုတ်မှ...."

"....."

ဖခင်ရဲ့အကြည့်တွေကိုလျစ်လျူရှုလိုက်ပီး သက်ပြင်းကိုတချက်ချလိုက်ကာ သူ့လက်ထဲမှာ ဆုပ်ကိုင်ထားမိတဲ့ ဖခင်ရဲ့လက်တဖက်ကိုနောက်တဖက်နဲ့ပုတ်ပေးနေမိသည်။ထို့နောက် ဒေါ်ရွှေမိမိဘက်သို့ပြန်ကြည့်လိုက်ပီး ပြောနေတဲ့အကြောင်းအရာကိုဆက်ဖို့ပြင်လိုက်သည်။ သူတို့နှစ်ယောက်ကိုသေချာစိုက်ကြည့်နေသည့် ဒေါ်ရွှေမိမိရဲ့ မျက်လုံးအကြည့်တွေကတော့ စူးရဲနေကာ ဦးထွဋ်မောင်မောင်ရဲ့နှုတ်က ပြောလာမယ့်စကားတွေကို သေချာနားထောင်ဖို့ပြင်နေပုံပေါက်နေသည်။

"ကဲ...ခင်ဗျားအခုနမေးတဲ့မေးခွန်းကိုဖြေရရင် ဟုတ်တယ် ကျုပ်က ဦးဆွေမိုးမောင်မောင်နဲ့ဒေါ်မေရှဲလ်တို့ရဲ့ သားအရင်းတစ်ယောက်မဟုတ်ဘူးဆိုတာပဲ .."

"သားကြီး တော်တော် တော်လိုက်တော့ ငါခွင့်မပြုဘူး မင်းစကားဒီမှာတင်ရပ်လိုက်..."

("လင်းပိုင်လေး"ရဲ့ကောင်းကင်ပြာ) "Completed" U&ZWhere stories live. Discover now