"တိမ်တိုက်ကလေးများ"

1.1K 44 14
                                    

"ဒီပုံစံနဲ့သေတာတောင်နည်းသေး..အစကတည်းကသေသွားရမှာ..ဒီလိုကောင်က.."

"မအေဘေးလိုအကောင်က..ထြီ..."

"မတန်မရာ..ဂူသွင်းနေကြသေးတယ်..ဖြစ်နိုင်ရင်ဒီလိုနေရာမှာတောင်ပေးမသဂြိုလ်သင့်ဘူး...မြို့နာတယ်.."

"အေးလေ..အေးလေ..အဟုတ်ပဲ.."

"မိန်းကလေးတွေကိုဖျက်ဆီးထားခဲ့တဲ့အကောင်က..ဟွန်း...ဒီလိုနေရာမှာလူလိုသူလိုလာလှဲနေချင်သေးတယ်..အံ့ရော.."

"မြို့နာတယ်ဟေ့..ငါတို့ရပ်ကွက်နာတယ်.."

"ဟုတ်တယ်.."

"ထွီ..ရွံလိုက်တာ.."

"အဲ့ကောင်မျက်နှာကြီးက...ကြောက်စရာကြီးတဲ့..သေခါနီးတုန်းကလဲခွေးလို၀က်လိုအော်နေရတာတဲ့..."

"အလိုလေးလေး...၀ဋ်လည်တာပါ့..အဲ့ဒါ.."

"အဟုတ်ပဲ.."

"အော်အေး..နင့်မလဲ..ပြောမနေနဲ့စမ်း..ထမင်းစားပျက်နေမယ်..အဲ့ဒီလိုခွေးလိုကောင်ကလူလိုသေမယ်တဲ့လား."

"ဟက်.ဟက်.."

ဆဲသံဆိုသံများရှိနေသည့်ပတ်ဝန်းကျင်တွင်ခပ်ထေ့ထေ့ရယ်သံတချက်ကလူငယ်လေးတစ်ဦးရဲ့နှုတ်ခမ်းထူထူလေးထံမှအလိုလိုထွက် ကျလာခဲ့သည်။ထိုလူငယ်လေး၏ခြေလှမ်းများကထိုဆဲဆိုသံများရှိရာအရပ်နှင့်ဆန့်ကျင်ရာအရပ်စီသို့ဦးတည်နေ၏။ထို့နောက်အဝါရောင်အုတ်ဂူလေးတလုံးရှိရာအနားသို့ရောက်သောအခါခြေလှမ်းလေးတွေကအလိုလိုရပ်တန့်သွားခဲ့သည်။

မသော်ခွန်းချိုသာ

အသက်(၂၀)

"ဟင်း..."

ကျော်လေးတစ်ယောက်သက်ပြင်းတိုလေးကိုချလိုက်ပီးခွန်းချိုရဲ့အုတ်ဂူလေးပေါ်မှာနှင်းဆီပန်းအဝါလေးတွေကိုဖြန့်ခင်းပေးလိုက်မိသည်။နှင်းဆီပန်းတွေနဲ့အတူစုပ်လုံးလေးတလုံးလည်းအတူရှိနေ၏။

"ဒီချိုချဉ်လေးတွေကိုတွေ့တိုင်း...နင့်ကိုငါသတိရနေစဲပါကွာ...ဟင်း.."

"နင့်ကြောင့်ငါ့ရဲ့ရှေ့သွားတွေကတနှစ်တည်းမှာအကုန်ကျိုးကုန်တာပဲခွန်းချို..ဟက်ဟက်.."

("လင်းပိုင်လေး"ရဲ့ကောင်းကင်ပြာ) "Completed" U&ZWhere stories live. Discover now