Dolphin 🐬 36

1.7K 100 16
                                    

Unicode

"ချလောက်....ချောက်..."

"Wow...........w.....wow...."

"အဟက်..... ကဲ..ကိုယ်တော်လေး ဒီဖိနပ်ကိုစီး.."

"မောင့်ဒါကရော ဘယ်သူ့အိမ်လည်း ..."

"မင်းယောက်ျားအိမ်"

"အယ်.... တကယ်ကြီး Wow...ကျွန်တော့ယောက်ျားကြီးကတကယ့်ကိုစည်းစိမ်တွေကြွယ်ဝတာပဲ"

ဦးထွဋ်ရဲ့ပိုင်ဆိုင်သမျှအားလုံးကိုသိနေသူဖြစ်တာကြောင့်တော်ရုံဆိုသူမေးလေ့မေးထမရှိပေမယ့် ဒီနေရာရဲ့ပိုင်ရှင်ကိုတော့ သူသိချင်နေမိသည်။

မီးရောင်အောက်မှာမြင်လိုက်ရသည့်မြင်ကွင်းကြောင့် ကျော်လေး Wow ဆိုသည့်အာမေဋိတ်အသံလေးကိုသာ ထုတ်မိလိုက်သည်။ဦးထွဋ်က သူ့ကိုလှည့်ကြည့်ရင်းပြုံးပြလာပီးနောက်အိမ်တွင်းစီးအနွေးဖိနပ်လေးကို Shoe Case ထဲကထုတ်ပေးလာကာ မီးခလုတ်များကိုတစ်ခုပီးတစ်ခုကိုဖွင့်နေသည်။

အတွင်းမှာများစွာသောမီးဆိုင်းတွေနှင့်အတူလူနှစ်ရပ်ကျော်ကျော်ရှည်သည့် ကာတင်တွေနဲ့ ၀င့်ကြွားစွာ အလှဆင်ထားသည့်စံအိမ်ကြီးက အခုနကျော်လေးထင်နေသလို ကြောက်စရာကောင်းဖို့နေနေသာသာ လွန်စွာခမ်းနားလွန်းနေသည်။

"ကဲလာ...အထဲ၀င်မယ် အကျီအရင်လဲရအောင်ကွာ မင်းလေးထပ်ဖျားရင် မောင်ဒီတစ်ခါရူးသွားလိမ့်မယ်"

"အဟီး....မောင်ကလဲ..ရူးစရာလားလို့...ကျွန်တော်အရူးလင်တော့မလုပ်ချင်ဘူး.."

"ဘာကွ...မင်းနော် မင်း..ဟင်းဟင်း..."

"အဟီးဟီး...."

"ဓာတ်လှေကားက အခုသုံးမရသေးဘူး မောင်တို့လှေကားကပဲတက်မယ် မောင်မင်းကိုချီမယ်"

"အာ ကျွန်တော်လမ်းလျှောက်ပါ့မယ် မောင့်ခါးနာနေမယ်လေ"

"မရဘူးချီမယ်"

"အာ....မောင်ကတော့.."

နောက်ဆုံးတော့ ကျော်လေးတစ်ယောက်ဦးထွဋ်ရဲ့ ရင်ခွင်ထဲပါသွားလေတော့သည်။ လှေကားတက်နေရင်းနဲ့လှေကားနံရံဘက်တစ်လျှောက်ချိတ်ထားသည့်ပုံတူပန်းချီကားတွေကို ကျော်လေးသေချာကြည့်နေမိသည်။

("လင်းပိုင်လေး"ရဲ့ကောင်းကင်ပြာ) "Completed" U&ZWhere stories live. Discover now