ကောင်းကင်ပြာကြီးတွင် တိမ်စိမ်တိမ်လိပ်တွေကင်းစင်နေတာကြောင့် နေမင်းကြီးက အစွမ်းကုန်ပူပြင်းနေဆဲပင်။ ကားထဲက ACကို ပိတ်လိုက်ပီး မှန်ကိုအနဲငယ်ချကာကျော်လေးဆိုင်ရှိရာခြံလေးထဲကို ချိုးဝင်လိုက်သည်။
ကျော်လေး ကားကိုပါကင်သေချာထိုးလိုက်ပီး လွယ်အိတ်ကိုလွယ်လိုက်ကာ Sunglass ကိုမျက်မှန်ကိုခေါင်းပေါ် တင်လိုက်သည်။ ရာသီဥတုပူပြင်းနေတာကြောင့်သူ့မျက်နှာလေးမှာ နေအရှိန်ကြောင့်နီရဲနေပီဖြစ်လို့ ဆိုင်ထဲ အမြန်ဝင်ဖို့ ခြေလှမ်းတွေကိုလှမ်းလိုက်စဉ်
"ရှင်တို့ ကိုဖယ်လို့ ပြောနေတယ်နော်..."
ကားအဖြူလေးရဲ့တံခါးနားမှာလာပိတ်ရပ်နေသည့်လူကိုကြည့်ပီး လက်ညိုးတစ်ချောင်းထိုးကာ ဖယ်ခိုင်းနေသည့် ကောင်မလေးတစ်ယောက်ရဲ့အသံက ကားပါကင်နေရာမှာစူးကနဲထွက်လာခဲ့သည်။
"ညီမလေးကလေးကွာ ကိုကြီးတို့က ခင်ချင်လို့ ဒီဆိုင်ထိလိုက်လာတာလေနော်..အဟား..ဟဟား..."
"ဘာရှင့်..လူကိုဘာထင်နေလဲ ရှင်...ရှင်တို့ နော်အော်လိုက်ရမလား"
"ဟိတ်ကောင်ဆက်နောင်စိုး မင်းဟာလေးကအစွာလေးဟ အစွယ်လေးနဲ့ချစ်စရာလေး အဟား"
"ဒါကြောင့် နေကြာမိုးကပြောတာပေါ့ စွာတေးပါဆို အဟက်..."
ကားထဲကနေထွက်လာသည့်အရပ်ရှည်ရှည်နှင့်ကောင်လေးတစ်ယောက်က ကပ်ကပ်လန်အောင်ရန် တွေ့ နေသည့်ကောင်မလေးကိုသေချာကြည့်နေပီး ခပ်ထေ့ထေ့ရယ်နေသည်။
"ချော လိုက်ခဲ့စမ်းပါ ငါမုန့် ကျွေးပါ့မယ်ကွာ"
"နင်ခေါ်တိုင်း လိုက်စရာလား ဆက်နောင်စိုး ငါနင့်အဖေကိုတိုင်လိုက်ရမလား"
"ကျစ် အဲ့ဒါတွေမကြိုက်တာ မုန့် လေးစားဖို့ ခေါ်တာ ဒီလောက်အော်နေရလား လာပါ"
"အေးလေ ညီမလေးရယ် လိုက်ခဲ့ပါ ဒီအစ်ကိုကြီးက ရှယ်ကျွေးချင်လို့ လိုက်ခဲ့နော်...လိမ္မာပါတယ်..အဟဲဟဲ"
အသားညိုညို ပုကွကွပုံစံနှင့်လူက ထိုမိန်းကလေးရဲ့လက်ကိုလက်ရဲဇာတ်ရဲဖမ်းဆုပ်လိုက်တော့ ထိုကောင်မ လေးရဲ့ အကြည့်တွေက ရွံရှာသလိုဖြစ်သွားက သူ့ လက်ကိုကိုင်ထား သည့်လူရဲ့လက်ကို အားနဲ့ရုန်းကန်လိုက် သည်။
YOU ARE READING
("လင်းပိုင်လေး"ရဲ့ကောင်းကင်ပြာ) "Completed" U&Z
عاطفيةAdam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့တဲ့အထဲမှာမပါပါဘူးကွာ RING-S စာရေးသူ၏စိတ်ကူးပုံဖော်မှုတစ်ခုသာဖြစ်ပါသည်။ Adam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့အထဲမှာမပါပါဘူးကွာ RING-S