"ရော့"
ကျော်လေးရေသန့်ဘူးအေးအေးလေးတစ်ဗူး ကိုတကိုယ်လုံးချွေးတွေရွှဲနေတဲ့ တကျော်လက်ထဲသို့ထိုးထည့်ပေးလိုက်သည်။
"အေးကွာ ကျေးဇူး သားကြီး..နေကလဲ…ငါ့အသားတွေတောင်လောင်ပီလားမှတ်တယ်..ကျစ်…"
"မလောင်ပဲနေမလား တပတ်၁၀ရက် အဲ့ဒီစွပ်ကျယ်ပဲ၀တ်နေတာ မင်းလဲ"
"ငါကြိုက်တယ်လေ ဟက်…"
"ကြိုက်နေလိုက်..အဲ့မှာ..မဲပြာကျသွားလဲ အေးတာပဲ"
နေပူကြီးထဲပြိုင်ကားနှစ်စီးယှဉ်ရပ်ထားတဲ့နေရာမှာရပ်နေရင်း လက်ထဲမှာရေတဘူးစီ ကိုင်ပီးလေပစ်နေတဲ့ သူတို့နှစ်ယောက်ကို အကျဥ်းထောင်ပေါက်၀မှာရှိနေတဲ့လူအချို့ကတော့ မျက်မှောင်ကုတ်ပီးကြည့်နေလျှက်ပင်။
"မဲလေမိန်းကလေးတွေကပိုကြိုက်လေ မင်းဘာသိလဲ ငါ့ကောင်"
"တော်စမ်းပါကွာ…ပူရတဲ့ကြားထဲ မင်းကတမျိုး.."
"မင်းမယုံဘူးလား မယုံရင် မဲကြည့်လိုက် သုံးကျော်ဆိုတွေ့တယ်မလား ချေနေတဲ့ မတောင် ကြွေသွားတာ ဟော ခုဆိုကလေးတောင်ထွက်လို့..ခွီး…"
"အေး မင်း ယောက်ကထီး ယောက်ကထီးနဲ့သွားသွားခေါ်နေ အဲ့ကောင်ကို ဘယ်နေ့ချောင်းရိုက်ခံရမလဲ ငါစောင့်ကြည့်အုန်းမယ်.."
"ခေါ်တော့ဘာဖြစ်လဲ ဒီလောက်ချစ်စရာကောင်းတဲ့ သမီးလေးမွေးထားတာ နောက်ဆိုပိုတောင်အခေါ်ခံရအုန်းမှာ ခုကတည်းက ငါကစေတနာနဲ့ ကျင့်ပေးထားတာ အဲ့ဆတ်ဆတ်ထိမခံဖြစ်တဲ့အကောင်ကို..ဟက်ဟက်.."
"အေး လုပ်နေလိုက် Bro…ဆက်လုပ်နေလိုက်…နားကားမှလှနေမယ်.."
ထောင်ဒဏ်အသီးသီးကျနေတဲ့မိဘနှစ်ပါးကို ဆေးရုံမသွားခင် တွေ့ချင်တယ်လို့ဆိုတာကြောင့် ချောရတီချိုကို တကျော်နဲ့အတူအကျဥ်းထောင်သို့သူလိုက်ပို့ရတာပင်။
ဦးထွဋ်က သူတို့နှစ်ယောက်လုံးရဲ့ဖခင်ဦးထွန်းချိုကို ကျောက်ကပ်အစားထိုးနိုင်သည်အထိကူညီပေးခဲ့သလို ချောရတီချိုအတွက် အပေါင်ဆုံးသွားတဲ့အိမ်ကိုပြန်ရွေးပေးခဲ့ကာ အမွေဆိုင်အိမ်ဖြစ်နေလို့ မကျေမလည်ဖြစ် နေတဲ့ အမျိုးတွေဘက်ကိုလည်းငွေပြန်အမ်းပေးခဲ့သည်။ဒေါ်ဟန်နီချိုဘက်ကကျော်လေးရဲ့အကူအညီယူထားတဲ့ သမီးဖြစ်သူကို အခုထိစကားမပြောသလို ဦးခေါင်းခွဲစိတ်မှုအတွက်လဲ လက်မခံပဲတင်းခံနေသည်။
YOU ARE READING
("လင်းပိုင်လေး"ရဲ့ကောင်းကင်ပြာ) "Completed" U&Z
RomanceAdam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့တဲ့အထဲမှာမပါပါဘူးကွာ RING-S စာရေးသူ၏စိတ်ကူးပုံဖော်မှုတစ်ခုသာဖြစ်ပါသည်။ Adam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့အထဲမှာမပါပါဘူးကွာ RING-S