Dolphin 🐬 35

1.4K 99 1
                                    

Unicode

ပြွတ်...ပြွတ်...ပြွတ်..

ဦးထွဋ်မောင်မောင်နှုတ်ခမ်းလေးစူနေသည့်ကလေးငယ်ရဲ့ကိုယ်လေးကိုအသာညှစ်လိုက်ကာ ကလေးငယ်ရဲ့ ပခုံးစွန်းလေးနှစ်ဖက်ကိုလက်နှစ်ဖက်နဲ့အသာအယာကိုင်လိုက်ပီး နဖူးပြင်လေးနဲ့ပါးပြင်လေးနှစ်ဖက်ကိုအသာ အယာနမ်းရှိုက်လိုက်သည်။

"မောင် မင်းကိုပေးစရာရှိတယ် လင်းပိုင်လေး"

"ဘာပေးမှာလဲ ဘာတွေထပ်ပေးဦးမလို့လဲ...မောင်ကျွန်တော့ကိုပေးနေတာတွေကများနေပီနော်.."

"အဟန့်...တစ်ခုလိုနေသေးတယ်... ဘာလိုနေလဲမသိဘူးလားကွ"

"အယ်...ဘာလိုသေးလို့လဲ.."

"အဟက်..."

သူ့ရဲ့မျက်လုံးတွေကို မျက်လုံးလေးဝိုင်းအောင်အူကြောင်ကြောင်လေးကြည့်လာတဲ့ ကလေးငယ်ကို ကြည့်ရင်း ဦးထွဋ်မောင်မောင်ရင်ထဲမှာ အချစ်ငှက်လေးတွေအုပ်လိုက်ထပျံသွားသလိုခံစားလိုက်ရသည်။

"မောင့်အချစ်တွေအားလုံးမင်းလေးအပေါ်မှာပဲသက်ရောက်တယ်ဆိုတာ မြင်လိုက်တိုင်းကိုယ်စားပြုနေမယ့် အဓိကပစ္စည်းလေးပေါ့ မောင့်ကလေးရဲ့ ကဲ အဲ့ဒီပစ္စည်းလေးက ဒီအဖြူရောင်ဖန်မီးအိမ်လေးတွေထဲက တစ်ခု တည်းသောဖန်မီးအိမ်လေးထဲမှာရှိတယ် ဘယ်လိုလည်း မင်းလေးလိုက်ရှာကြည့်မလားမောင့်လင်းပိုင်လေး.. လိုက်ရှာချင်လား..."

ဦးထွဋ်ကသူ့ကို သစ်ကိုင်းလေးတွေပေါ်မှာချိတ်ဆွဲထားသည့်ဖန်မီးအိမ်လေးတွေကို အသာမော့ကြည့်ပြကာ လက်ညိုးထိုးပြလာလို့ကျော်လေးသိချင်စိတ်တွေ၀င်လာရသလို စိတ်လဲလှုပ်ရှားသွားရသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဦးထွဋ်ကသူ့ကို သစ်ကိုင်းလေးတွေပေါ်မှာချိတ်ဆွဲထားသည့်ဖန်မီးအိမ်လေးတွေကို အသာမော့ကြည့်ပြကာ လက်ညိုးထိုးပြလာလို့ကျော်လေးသိချင်စိတ်တွေ၀င်လာရသလို စိတ်လဲလှုပ်ရှားသွားရသည်။

("လင်းပိုင်လေး"ရဲ့ကောင်းကင်ပြာ) "Completed" U&ZWhere stories live. Discover now