ဥသြ....ဥသြ....သစ်ရွက်လေးတွေတဖြုတ်ဖြုတ်ကြွေနေတဲ့ သစ်ပင်ကြီးတပင်အောက်မှာ ကလေးငယ်လေးတစ်ယောက် ထိုင်နေကာ လက်ထဲမှာ တစ်ခုခုကိုကိုင်ထားပီး ထိုအရာလေးကို ပြုံးလျှက်သေချာကြည့်နေသည်။
"သခင်လေး"
"ဟင့်"
"အဟားဟား လန့်သွားတာလား သခင်လေး"
တုန့်ကနဲ တုန်သွားတဲ့ခန္ဓာကိုယ်သေးသေးလေးကို မြင်လိုက်ရလို့တဟားဟားရယ်မိသူက မောင်မောင်ဆို တဲ့လူငယ်လေးပင်။ထိုကလေးလေးက လက်ထဲမှာကိုင်ထားတဲ့အရာလေးကိုလက်သေးသေးလေးနဲ့ကိုင်ပီး ဖွက်လိုက်သည်။
"အဟင်း ကျွန်တော့်ဆွဲကြိုးလေး သခင်လေးယူသွားတာမလား"
"....."
ကလေးငယ်လေးကအအရင်နဲ့မတူ တချက်ပြုံးရယ်ပြလာလို့မောင်မောင်ဆိုသည့်လူငယ်လေးက ကလေးလေးကိုသေချာစိုက်ကြည့်နေသည်။
မောင်မောင် မျက်လုံးလေးတွေမှိတ်သွားသည်အထိပြုံးနေပြတဲ့ကလေးလေကိုသေချာကြည့်ပီး ဘာစကားမှ မဆိုမိနေ။ဒီကလေးလေးဘက်က စိတ်လိုလက်ရ ဒီလိုပြုံးတာမျိုးတွေ့ရဖို့ဆိုတာ လွန်စွာရှား လွန်းနေ တာကြောင့်ပင်။
သူရေချိုးနေစဉ် အ၀တ်တွေအပေါ်ချွတ်တင်ထားတဲ့ အဆောင်ဆွဲကြိုးလေးပျောက်သွား ကတည်းက ခေါင်း တောက်အောင်ရှာနေခဲ့မိသည်။ သူရေချိုးတဲ့အနား ဒီကလေးလေးရောက်လာတယ်လို့သိလိုက်ခါမှ သူ့ဆွဲကြိုး လေးဘယ်သူယူသွားသလဲဆိုတာ သူအလိုလိုသိလိုက်လို့ ကလေးငယ်လေးရှိရာသို့ တိတ်တိတ်လေး ခြေသံလုံလုံလာခဲ့တာပင်။
"ပိုင်ရှင်မသိပဲ ယူတာမကောင်းဘူးနော် သခင်လေး အဟက်.."
သူ့စကားကိုကြားလိုက်လို့ကလေးငယ်လေးက ပြုံးနေရာကနေမျက်နှာကလေး တချက်မဲ့သွားကာ လက်က လေးတဖက်ဖြန့်ပြလာခဲ့လို့မောင်မောင်ပြုံးလိုက်မိသည်။
"မောင်မောင်"
"ပြောပါ သခင်လေး"
"ဒါလေးက ဘာလဲ လှတယ် အထဲမှာမီးလေးတွေပါတယ်နော်..ဟုတ်လား"
နေရောင်ခြည်အောက်မှာဖျက်ကနဲလက်လက်သွားတဲ့အဆောင်ကျောက်လေးကိုအထူးအဆန်းဖြစ်နေတဲ့ ကလေးလေးက သူ့လက်ထဲကဆွဲကြိုးလေးကိုသေချာကြည့်နေသည်။
YOU ARE READING
("လင်းပိုင်လေး"ရဲ့ကောင်းကင်ပြာ) "Completed" U&Z
RomanceAdam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့တဲ့အထဲမှာမပါပါဘူးကွာ RING-S စာရေးသူ၏စိတ်ကူးပုံဖော်မှုတစ်ခုသာဖြစ်ပါသည်။ Adam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့အထဲမှာမပါပါဘူးကွာ RING-S