Dolphin 🐬 53

1.2K 93 2
                                    

ကောင်းကင်တစ်ခုလုံးပြာလဲ့နေကာ မြောက်လေညှင်းလေးတွေက တဖြူးဖြူးတိုက်ခတ်လျှက်ရှိနေသည်။

ဦးထွဋ်ကားပေါ်ကဆင်းတာနဲ့လက်ထဲကဖုန်းနဲ့ခေါ်နေကျနံပါတ်တစ်ခုကိုခေါ်ရင်း ဟိုတည်တစ်ခုထဲသို့ ၀င်လိုက်သည်။လည်ကတုံးနက်ပြာရောင်အကျီကို ကချင်ပုဆိုးတထည်ဖြင့်တွဲ၀တ်ထားသည့် လူကြီးတယောက်ရဲ့ ဟန်ပန်ကစွဲဆောင်မှုတစ်ခုရှိနေလျှက်ပင်။တည်ကြည်သော ဥပတိရုပ်အဆင်းကို တင်းစေ့ထားတဲ့ နှုတ်ခမ်းတွေကထပ်မံပံ့ပိုးပေးထားသယောင်ယောင်။ မျက်လုံးအကြည့်များကစူးရဲနေလျှက် ဦးတည်ရာတစ်ခုသို့သာတစိုက်မတ်မတ်ကြည့်နေသည်။

"ဟဲလို..မောင်"

"လင်းပိုင်လေး မင်းလာနေပီလား မောင်ရောက်နေပီ"

"အော့် လာနေပီမောင် ကျွန်တော်ဆိုင်ထဲပဲတန်းလာခဲ့ပါမယ် မောင်အောက်မှာမစောင့်နေနဲ့နော် တက်သွားနင့်"

"ကောင်းပီ ဖြေးဖြေးမောင်း မောင်စောင့်နိုင်တယ် ဟုတ်လား"

"ဟုတ်ကဲ့ပါဗျာ"

"အဆိုးကောင်လေး ဟက်"

တီ

အသံကြည်ကြည်လေးကိုကြားလိုက်ရပြန်တော့လည်းနဂိုတည်နေတဲ့မျက်နှာပေါ်မှာအပြုံးတွေကလစ်ကနဲပေါ်လာရသည်။ခုလိုလုပ်နိုင်စွမ်းကလည်း လင်းပိုင်လေးဆိုတဲ့ကောင်ငယ်လေးတစ်ယောက်သာ ရှိပေမည်။

ဒေါက် ဒေါက်..

"သြော်..ကြွပါ ကိုထွဋ်"

"ဟုတ်ကဲ့ ကိုသက်တင်ဦး"

"ဘယ်လိုလည်း နယ်ဘက်ခရီးသွားတာ ကျွန်တော့်တော့ဘယ်မှမရောက်ဘူးဗျာ အဟက်..."

"ဟန့်"

သက်တူရွယ်တူလူနှစ်ယောက်ရဲ့တွေ့ဆုံမှုက ဟိုတယ်တစ်ခုရဲ့သီးသန့်စားသောက်ခန်းမတစ်ခုအတွင်းမှာပင်။

ဒေါက်...ဒေါက်...

"အော် ရောက်ပီထင်တယ်"

"ချလောက်"

"ဟာ ကိုသက် ရောက်နေတာကြာပီလား"

"သိပ်မကြာသေးပါဘူးကွ လာလာ မင်းကိုစောင့်နေတာ"

("လင်းပိုင်လေး"ရဲ့ကောင်းကင်ပြာ) "Completed" U&ZWhere stories live. Discover now