Unicode
.
.
.
.
.
.
"ရုပ်တွေကိုကကျက်သရေကိုမရှိဘူး ရွံလိုက်တာ""ခင်ဗျားဘာစကားပြောတာလဲဗျ"
"တကျော် တော်ပီ တော်ပီ"
ကျော်လေးသူ့ရှေ့တည့်တည့်က မြင်ကွင်းကိုကြည့်ပီးCoffee Bar အနောက်မှာကြောင်ရပ်ရပ်နေမိသည်။ လေးကေ ကတကျော်ရဲ့ လက်ကိုဆွဲနေပီး တကျော်ဖြစ်သူက ဒေါသရိပ်တွေအပြည့်ပါနေသည့်မျက်လုံးတွေနဲ့ အမျိုးသမီးတစ်ယောက်ကိုစူးစိုက်ကြည့်နေပီးရန်လိုသည့်ပုံစံပေါက်နေသည်။ ထိုအမျိုးသမီးရဲ့လက်ကို သေချာဆုပ်ကိုင်ထားပီး ရှက်ရွံ့နေသည့်မျက်လုံးတွေနဲ့ကြည့်နေသူက သူ့ရဲ့ညီမပင်။
"မာမီ သူတို့နဲ့မဆိုင်ဘူး ချောကိုယ်တိုင်က ဒီကိုလာနေတာပါ နောက်ပီး"
"တိတ်စမ်း ချောလေး ဘယ့်နှယ် အမျိုးမဟုတ်တာ ဒီလိုစရိုက်မကောင်းတဲ့ပတ်၀န်းကျင်မှာမှ ကော်ဖီလာလာထိုင်သောက်ပီး စာလာလုပ်နေရအောင် ကော်ဖီဆိုင်ဒီလောက်ရှားနေလား ဟမ်"
"မာမီ!!"
"ဘာလဲ.."
"တော်ပီလေ ဟိုမှာလူတွေကြည့်နေတယ်လေ မာမီရယ် ဘာလို့ဒီလိုစကားကိုအကျယ်ကြီးပြောနေရတာလဲ...ဟိုမှာကြည့်နေပီ.."
"Who cares?ဘာဖြစ်လဲပြောတော့ $ခြောက်တွေဖွင့်ထားတဲ့ဆိုင်မို့လို့ ရွံစရာကောင်းတယ်ပြောတာ ဘာဖြစ်လဲ"
"...."
"ဟား...ခင်ဗျား စကားကိုကြည့်ပြောဗျ လူကြီးဖြစ်ပီး....အသက်ကဖြင့်......ကျစ်!!ပြောလဲရိုင်းတယ်ဖြစ်ဦးမယ်..."
"ဘာ...မင်းလိုကောင်ကများ ငါ့ကိုဘာပြန်ပြောချင်သေးတာလဲ...မင်းကဒီဆိုင်ပိုင်ရှင်လား အဟား အံ့ရော တကယ့်စရိုက်လိုဟာတွေနဲ့ လာတွေ့နေတာပဲ တယောက်ကလဲ စနိုက်ခြောက် မင်းကရောဘာလဲ"
YOU ARE READING
("လင်းပိုင်လေး"ရဲ့ကောင်းကင်ပြာ) "Completed" U&Z
RomanceAdam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့တဲ့အထဲမှာမပါပါဘူးကွာ RING-S စာရေးသူ၏စိတ်ကူးပုံဖော်မှုတစ်ခုသာဖြစ်ပါသည်။ Adam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့အထဲမှာမပါပါဘူးကွာ RING-S