Dolphin 🐬 1

3.9K 220 10
                                    

"လင်းပိုင်လေးရဲ့ကောင်းကင်ပြာ"

လက်ရှိပစ္စုပ္ပန်ကာလ

မြို့ပြ၏မြို့အစွန်နားမှာရှိသည့် ကြီးမားသောခြံကျယ်ကြီးထဲတွင် အရိပ်ရသစ်ပင်တွေများစွာရှိပီးထိုသစ်ပင်တွေကြားထဲမှာပန်းရောင်စုံပွင့်ဖူးနေသည့်ပန်းခင်းလမ်းလေးလဲရှိနေ၏။

ဥရောပစတိုင်ပုံစံမျိုးတည်ဆောက်ထားသည့် အဆောက်အအုံကြီးတစ်ခုကခြံအလည်တွင်
ထီးထီးကြီးရှိနေပီးထိုအဆောက်အအုံအတွင်း၌ရှိနေသည့်ခေတ်မှီအသုံးအဆောင်ပစ္စည်းများမှာ ငွေရောင်တဖိတ်ဖိတ်တောက်ပနေ၏။

Uniform ကိုသေသေသပ်သပ်၀တ်ဆင်ထားသည့် အိမ်အကူလေးရဲ့ လက်ထဲမှာငွေရောင်ဗန်းလေးတချက်ရှိပီး ထိုဗန်းထဲတွင်ရေတခွက်နှင့်အတူ ဆေးဗူးတစ်ဗူးပါရှိနေသည်။ရှေ့မှဦးဆောင်ပီးသွားနေသူကတော့ထိုခြံတစ်ခြံလုံးမှာရှိသည့် အလုပ်သမားတွေအားလုံးချစ်ကြောက်ရိုသေရသည့် အိမ်ထိန်းဦးသီလ ဆိုသူပင်ဖြစ်သည်။

ဦးသီလတစ်ယောက်သုံးလွှာကိုရောက်သည်နှင့်တပြိုင်နက် Auto ပွင့်သွားသည့်ဓာတ်လှေကားတံခါးကနေထွက်လိုက်ပီး အခန်းကျယ်တစ်ခုရှေ့ကိုရောက်အောင်သွားလိုက်သည်။ ငွေမှင်ရောင်တံခါးကြီးရှေ့သို့ရောက်သော် ခြင်္သေ့ပုံ တံခါးလက်ကိုင်ကွင်းကိုဆုပ်ကိုင်လိုက်ပီး ၃ချက်တိတိမိမိရရခေါက်လိုက်သည်။

"ဒုတ်...ဒုတ်....ဒုတ်..."

တခဏအတွင်းမှာတံခါးရွက်နှစ်ခုလုံးပွင့်သွားပီးပုံမှန်ခြေလှမ်းတွေကိုလှမ်း၍ဦးသီလနှင့်အတူအိမ်အကူကောင်မလေးကအခန်းထဲကို၀င်လိုက်သည်။အခန်းထဲမှာ နိုင်ငံတကာစီးပွားရေးသတင်းများကို အချိန်နှင့်တပြေးညီတင်ပြနေသည့်ရုပ်သံလိုင်းတစ်ခုမှ ထွက်လာသည့်အသံတွေကသာကြီးစိုးနေသည်။

အခန်းကျယ်ထဲကအနက်ရောင်လည်သာဆိုဖာပေါ်တွင်ခြေချိတ်ပီးထိုင်နေသူကတော့ ထိုအိမ်ရဲ့ အရှင်သခင် ဦးထွဋ်မောင်မောင်ပင်ဖြစ်သည်။Albini's Fabric သားနှင့်ချုပ်ထားသည့် Shirt အပြာနုရောင်အကျီကို နက်ပြာရောင်ပုဆိုးအကွက်စိပ်ဖြင့်တွဲ၀တ်ဆင်ထားပီးညာဘက်လက်ကောက်၀တ်မှာ Designအနေဖြင့်လွန်စွာရိုးရှင်းသော်လည်းတန်ဖိုးအားဖြင့် သိန်းတစ်သောင်းကျော်တန်တန်ဖိုးရှိသည့်နာရီတစ်လုံးကိုသာ၀တ်ဆင်ထား၏။

("လင်းပိုင်လေး"ရဲ့ကောင်းကင်ပြာ) "Completed" U&ZWhere stories live. Discover now