မြူနှင်းတွေဆိုင်းနေသည့်မနက်ခင်းဝေလီဝေလင်းအချိန်လေးတွင်ဖြစ်သည်။တိတ်ဆိတ်နေသော ပတ်၀န်း ကျင်တွင် ခပ်တိုးတိုးဖွင့်ထားသည့် မေတ္တာပို့တရားသံကသာ ကြီးစိုးနေသည်။
ပျဉ်ထောင်အိမ်လေးရဲ့အပေါ်ဆုံးထပ်ရှိ ဘုရားခန်းအရှေ့တွင်အသက်ကြီးကြီး လင်မယားနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အတူထိုင်နေကြသည်။ထိုလင်မယားရှေ့တည့်တည့်တွင် မျက်နှာ ချင်းဆိုင်အနေအထားဖြင့်ကပ်ထိုင်နေသည့်မျိုးတူစုံတွဲတစ်တွဲလည်းရှိနေသည်။
ဦးထွဋ်မောင်မောင် Cheque စာရွက်တရွက်စီထည့်ထားတဲ့စာအိတ်လေးနှစ်အိတ်ကို ထိုအသက်ကြီးကြီး လင်မယားရှေ့သို့အသာချပေးလိုက်သည်။သူ့ရဲ့အပြုအမူတွေကို ဘကြီးမှုံဆိုတဲ့လူကြီးက မျက်မှောင်ကုတ်လျှက်ကြည့်လာသည်။
"ဘာတွေလဲ မောင်ရင်"
"ကျွန်တော့်စေတနာပါ ဦးကြီး"
"အို မလိုပါဘူးအေ ဒီလိုတွေမလုပ်ပါနဲ့ဒေါ်ကြီးတို့က ဒါတွေမလိုအပ်ဘူးပြန်ယူသွား ပြန်ယူသွားပါကွယ်"
ကြီးတော်က လက်နှစ်ဖက်ကိုခါပြကာ ဦးထွဋ်မောင်မောင်ကမ်းပေးလာတဲ့စာအိတ်ညိုတွေကို မတို့မထိပဲ ငြင်းဆန်နေသည်။
"အဟမ်း....ဘာ့အတွက်ဒီလိုပေးမှန်း မသိပေမယ့် ဒီလိုအရာတွေက ဘမှုံတို့အတွက်မလိုအပ်ဘူးကွယ် အိမ်း...တစ်ခုပဲ လူလေးကိုတော့ ရှေ့လျှောက် သေချာစောင့်ရှောက်ပေးဖို့ပဲတောင်းဆိုချင်ပါတယ် ဒီကလေးလေးက ဘမှုံတို့နဲ့ သွေးမတော်ပေမယ့် ဘမှုံတို့အတွက်တော့ ကိုယ့်တူကိုယ့်သားအရင်းလိုပါပဲ"
"အဟမ်း...."
"ဒါကြောင့် ဘမှုံတို့အတွက်တော့ တန်ဖိုးရှိတဲ့ကလေးပါ... ငယ်ကတည်းကမိစုံဖစုံနဲ့မနေခဲ့ရတဲ့ ကလေးပါ... မင်းနဲ့ဒီကလေးကြားမှာဘယ်လိုကိစ္စတွေပဲဖြစ်လာခဲ့ဖြစ်လာခဲ့ နှုတ်နဲ့ပဲဖြေရှင်းကြပါ.. သူ့ကိုမောင်ရင်ယောင်လို့ တောင်လက်မပါမိပါစေနဲ့ ဒီကတိတစ်ခုကိုတော့မောင်ရင် ဦးကြီးကိုကတိပေးနိုင်မလား"
"အာဗျာ..ဘမှုံ.ကျွန်တော်ကမိန်းကလေးမို့ဦးထွဋ်ကိုဒီလိုကတိတွေတောင်းနေတာလားလို့"
YOU ARE READING
("လင်းပိုင်လေး"ရဲ့ကောင်းကင်ပြာ) "Completed" U&Z
RomanceAdam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့တဲ့အထဲမှာမပါပါဘူးကွာ RING-S စာရေးသူ၏စိတ်ကူးပုံဖော်မှုတစ်ခုသာဖြစ်ပါသည်။ Adam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့အထဲမှာမပါပါဘူးကွာ RING-S