Dolphin 🐬 9

1.8K 123 9
                                    

၂ပတ်အကြာ...

အခုရက်ပိုင်း ကျော်လေး ဦးထွဋ်မရှိနေတာကြောင့်အရင်လိုဟိုအိမ်ကိုပြန်မနေတော့ပဲ သူ့ ကွန်ဒိုမှာသာ နေနေမိသည်။ သူအခုတလော တစ်ယောက်တည်းသာနေချင်မိနေသည်။စိတ်ထဲမှာဘာကိုခံပြင်းနေမှန်း မသိသလို ကိုယ့်ကိုကိုယ်လည်းအလိုမကျနေတာကြောင့် အလုပ်ပီးတာနဲ့ အိမ်ကိုတန်းပြန်လာခဲ့ပီး ခွေအိပ်နေမိတဲ့ရက်ကများနေသည်။

ဒီရက်ပိုင်းတနေကုန်တမှိုင်မှိုင်ဖြစ်နေသည့်သူငယ်ချင်းဖြစ်သူကို တစ်ကျော်သတိထားနေမိသည်။အရင်လို သူတို့ နဲ့တွေ့ တိုင်းပြုံးပြုံးရွှင်ရွှင်ဖြစ်မနေပဲ အသက်မပါသည့်လုပ်ပြုံးကိုဖန်တီးပီး ဆိုင်လာလာထိုင် နေသည့်သူငယ်ချင်းဖြစ်သူကို ဆိုင်မှာလူရှင်းနေစဉ် လက်ကိုကုတ်ပီးအပေါ်ထပ်ကိုခေါ်လာလိုက်သည်။

"မင်းအခုတလောဘာဖြစ်နေတာလဲ..ငါ့ကောင်"

"......"

တကျော်ရဲ့စကားကိုမဖြေမိပဲ ကျော်လေးလမ်းမဘက်ကိုသာမျက်နှာမူနေမိသည်။ တကျော်တစ်ယောက် အရင်နဲ့ မတူမြုံ စိစိနေတက်သည့်သူငယ်ချင်းဖြစ်သူကိုစိတ်မရှည် လာလို့ ခါးကိုထောက်ပီး ကျော်လေးရဲ့မျက်နှာကို စေ့စေ့ကြည့်လိုက်သည်။

"ဘာလဲ မင်းရဲ့ဘဲအို...ဟိုအဖိုးကြီးဗွေထဖောက်လာပီမလား ငါထင်သားပဲ"

"မဟုတ်ပါဘူးကွာ"

"အဟွန်း...ဘာမဟုတ်ရမှာလဲ သတင်းတွေဒီလောက်ပွနေတာ မင်းမမြင်ဘူးလို့ တော့ငါ့ကိုလာလိမ်မနေနဲ့ သားကြီး"

ကျော်လေးတစ်ယောက်လက်ထဲကဖုန်းကိုဖွင့်လိုက်ပီး မ၀င်တာကြာပီဖြစ်တဲ့ FB ကိုကြည့်လိုက်မိသည်။ အကြောင်းအရာအချို့ နှင့်အတူဓာတ်ပုံအချို့ ကလဲလွန်ခဲ့သည့်5ရက်ကတည်းကတက်နေတာကိုသူတွေ့ လိုက်ရသည်။စိတ်ရှုပ်လာတာကြောင့် ဖုန်းကိုပြန်ပိတ်လိုက်ပီးစားပွဲပေါ်ကိုတင်လိုက်သည်။

"ငါအစကတည်းကပြောသားပဲ မင်းလူကစားဘဲပါဆိုနေမှ မင်းကငါ့စကားမှမယုံတာ ဒီမှာသားကြီး မင်းနဲ့မတွေ့ ခင်ကတည်းက ဟိုမော်ဒယ် ဘယ်သူလဲ...ကမ္ဘာ...နေပါဦးအဲ့ကောင်နာမည်က ....အော်.. ခန့် ကမ္ဘာစိုး"

("လင်းပိုင်လေး"ရဲ့ကောင်းကင်ပြာ) "Completed" U&ZWhere stories live. Discover now