နေ၀င်ချိန်ဖြစ်နေခဲ့လို့ကောင်းကင်မှာတိမ်ရောင်စုံထွန်းလင်းနေသကဲ့သို့ပင်။
🎐"ချလွင်...."🎐
"သားကြီး.."
"...."
"ဟျောင့်."
"...."
"ဟာ ဒီကောင်ကတော့ ဟရောင့်..ကျော်လေး.."
"အင်.........ဟင်...အော် အေး Bro,ပြော"
တကျော်တစ်ယောက်သူ၀င်လာကတည်းက ခဲတံတစ်ချောင်းကိုနားတစ်ဖက်မှာညှပ်ထားကာ စာအုပ်တစ်အုပ်ကိုရှေ့ချလျှက်စားပွဲခုံပေါ်လက်ထောက်ပီးအပြင်ကိုငေးနေတဲ့သူငယ်ချင်းဖြစ်သူရဲ့ပခုံးကိုတချက်ရိုက်ပီး အသိစိတ်ပြန်ကပ်အောင်လှုပ်နိုးလိုက်ရသည်။ထိုအခါမှ သူ့ကိုမျက်လုံးလေး ကလယ်ကလယ်ဖြင့် အသာပြူးကြည့်လာသည့်ကလေးလူကြီးလေးကိုခပ်ထေ့ထေ့ပြုံးပြရင်းမထိတထိစကားတွေကိုပြောဖို့ပြင်လိုက်သည်။
"အသက်တော့ရှိသေးတယ်မလား ငါခေါ်နေတာ အခါခါပဲ ဘာဖြစ်ပြန်တာလဲဟ....ဘာလဲ မင်းဘိုးတော် ဖောက်ပြန်ပီလား ဒီတစ်ခါဖောက်ရင်ပြောလိုက် လက်ကလက်စွပ်တောင် လူဆီမတင်သေးဘူးလို့ လူဆီတင်တဲ့အထိနေဦးလို့ပြောလိုက်.... လခွမ်းပါကွာ"
"တကျော် လစ်.. လစ် မင်းလစ် ငါ့အတွေးနဲ့ငါ တောင်ရွာပတ်နေတာ မင်းလဲအဲ့ဒီဦးထွဋ်ပဲ ရန်လုပ်နေ ငါ့ယောက်ျားကမင်းကိုဘာလုပ်နေလို့တုန်း"
ကျော်လေး ဦးထွဋ်ရဲ့ပတ်သက်ရင်ဘယ်သောအခါမှအကြောင်းအရင်းရှိရှိမရှိရှိ မတည့်နေတဲ့သူငယ်ချင်းဖြစ်သူတကျော်ရဲ့စကားတွေကိုကြားလိုက်ရလို့မျက်ခုံးတွေကိုတွန့်ချိုးပီးရန်ထောင်လိုက်သည်။
"အင်းးးးးးးး..အဟမ်း ယောက်ျားတောင်ဖြစ်ကုန်ပီပေါ့ လခွမ်းပါကွာ...အေးလေ ငါ့ကိုတော့ဘာမှမလုပ်ပါဘူး မင်းကိုပဲလုပ်မှာစိုးတာ ဘယ်လိုလဲညတိုင်းတော့လုပ်ဖြစ်ကျတယ်မလား...အဟက်ဟက်..."
"အာ...ခွေးကောင် ညတိုင်းလုပ်ဖြစ်မဖြစ် မင်းနဲ့ဆိုင်လား လစ်တော့ လစ်လိုက်တော့ ငါစိတ်မကြည်ဘူး လစ်"
"ဘာဖြစ်နေတာလဲကွ...ငါ့ကိုပြောစမ်း...မင်းရုပ်ကြီး ဖြစ်ပျက်နေတာ တပတ်မကတော့ဘူး ပြောလိုက် သားကြီး မင်းပါးပါ မကူညီနိုင်ရင် ငါကူညီမယ် ဖြစ်ချင်တာကိုပြောလိုက်စမ်း သားလေး"
YOU ARE READING
("လင်းပိုင်လေး"ရဲ့ကောင်းကင်ပြာ) "Completed" U&Z
RomantikAdam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့တဲ့အထဲမှာမပါပါဘူးကွာ RING-S စာရေးသူ၏စိတ်ကူးပုံဖော်မှုတစ်ခုသာဖြစ်ပါသည်။ Adam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့အထဲမှာမပါပါဘူးကွာ RING-S