Dolphin 🐬 2

2.4K 182 9
                                    


☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️

ည၇နာရီခန့် "B-Brew Coffee Bar"

၀ါကျင့်ကျင့်ဖန်လုံးမီးအိမ်လေးတွေနဲ့အလှဆင်ထားသည့်ကော်ဖီဆိုင်လေးမှာ ကော်ဖီတစ်ခွက်ကိုဇိမ်ခံ သောက်ရင်းနဲ့ အေးချမ်းစွာအလုပ်ထိုင်လုပ်နေတဲ့သူတွေ၊ခပ်အေးအေးဖွင့်ထားသည့် Love Song လေးတွေကိုနားဆင်ရင်းတစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင် ထားကြပီး အေးအေးချမ်းချမ်း Dateလုပ်နေတဲ့အတွဲလေးတွေကြောင့် ကျော်လေးရဲ့ကော်ဖီဆိုင်လေးလူစည်နေသည်။

ဒီနေ့ကျော်လေးတစ်ယောက်ဆိုင်မှာတနေကုန်မရှိနေလို့အပြင်ကပြန်ရောက်ရောက်ခြင်းအိမ်ကိုတန်းမပြန်ပဲ ဆိုင်အခြေအနေကြည့်ချင်လို့ခဏ၀င်လာလိုက်သည်။ကောင်တာမှာအရောင်းစာရင်းတွေစစ်ပီး စတိုမှာပစ္စည်း အချို့စစ်လိုက်ပီး ညစာတစ်ခုခုစားဖို့စဉ်းစားနေစဉ်။

"ချလွင်..."

မင်္ဂလာပါ....ကြိုဆိုပါတယ်ရှင်။

"ဟင်.."

၀န်ထမ်းကောင်မလေးရဲ့နှုတ်ဆက်သံချိုချိုလေးကြောင့်ကျော်လေးစာရင်းတွေကိုငုံ့ပီးစစ်နေရင်းနဲ့ဆိုင်ရှေ့ကိုတချက်ကြည့်လိုက်မိသည်။ဆိုင်ထဲကိုသူ့ရဲ့ဖခင်ဆိုသည့်လူကြီးနှင့်အတော်တူသည့်လူတစ်ယောက်ရဲ့လက်ကိုချိတ်ပီး၀င်လာသည့် ခပ်ငယ်ငယ်ကောင်မလေးတစ်ယောက်ကမှန်တံခါးလေးကိုတွန်းပီး၀င်လာကြသည်။ထို့နောက် အခုခေတ်ပေါ်ခပ်လန်းလန်းတိုကပ်ကပ်အ၀တ်အစားကို၀တ်ဆင်ထားသည့်အမျိုးသမီးကြီးတစ်ယောက်ကလဲ Branded ပိုက်ဆံအိတ်ကိုဟန်ပါပါကိုင်လာပီး ဆိုင်ထဲကို၀င်လာခဲ့သည်။

"ဒယ်ဒီ!!ဒယ်ဒီ....ဟိုဘက်တောင့်မှာထိုင်ရအောင်နော်..မာမီ..မြန်မြန်ဒီနားထိုင် ချောပုံလှလှလေးရိုက်ပေးမယ်"

"အိုကွယ်.Thank you my dear..မာမီ့သမီးက စွန်းသဘောကောင်း အဟင်းဟင်း"

"ဟားဟား...ဟား..ဒယ်ဒီကိုရောမရိုက်ပေးဘူးလားကွ..."

"ဒယ်ဒီက နောက်မှ ဒီနေ့ကမာမီမွေးနေ့မို့မာ့မီကိုအရင်ရိုက်ပေးမယ်နော်...အဟိ.."

("လင်းပိုင်လေး"ရဲ့ကောင်းကင်ပြာ) "Completed" U&ZWhere stories live. Discover now