ည ၁၀နာရီ....
ဦးထွဋ်မောင်မောင်တစ်ယောက်အခန်းထောင့်က တချက်ချက်မြည်နေသည့် မတ်တပ်နာရီစင်ကိုတချက် မျက်လုံးလှန်ကြည့်လိုက်ပီး လက်ထဲက Macbook ကိုချလိုက်ကာ ဆိုဖာခုံကနေထလိုက်သည်။ ပုဆိုးကိုသေချာပြင်ဝတ်လိုက်သည်။စားပွဲပေါ်ကအိတ်နဲ့ဖုန်းကိုယူလိုက်ပီးနောက်ခတ်နီနှင့်အတူ မြို့ ထဲကိုထွက်လာခဲ့သည်။
နောက်ဆုံးပေါ် ဇိမ်ခံကားအဖြူလေးက ၄လမ်းသွားမိန်းလမ်းမကြီးပေါ်မှာ အရှိန်မှန်မှန်ဖြင့်ပြေးနေသည်။ ညမအိပ်သည့်မြို့ ပြဖြစ်လို့ လမ်းဘေးတစ်လျှောက်မီးတိုင်တွေအောက်ကပလတ်ဖောင်းမှာ လူများစွာ လမ်းလျှောက်နေကြပီး ကိုယ်လိုရာခရီးကိုသွားနေကြသလိုပဲလမ်းပေါ်မှာရှိနေသည့်ကားတွေကလဲ အစုန်အဆန် မောင်းနှင်နေစဲပင်၊
ဆိုင်ပိတ်ချိန်ကည၁၁နာရီဖြစ်လို့ ဆိုင်ထဲမှာထိုင်နေသည့် Customers တွေကိုLast Order ကောက်ဖို့  ကျော်လေးက Waiter လေးတွေကိုညွှန်ကြားလိုက်သည်။ သို့သော်ညဆိုအမြဲတမ်း ၁၂လောက်ထိ လူရှိတာဖြစ်လို့  ၀န်ထမ်းအားလုံး ဖြေးဖြေးမှန်မှန်နှင့်သာ ကိုယ်စီအလုပ်တွေကိုလုပ်နေကြဆဲပင်။
Handmade သစ်သားခုံလေးတွေ၊ Indoor Plant အပင်လေးတွေအများကြီးရှိသည့် မီးလုံးဝါ၀ါလေးတွေမြောက် များစွာဖြင့်အလှဆင်ထားသည့် ကော်ဖီဆိုင်လေးကတော့ အဝေးကကြည့်လဲ ချစ်စရာကောင်းနေသလို အတွင်းထဲမှာလဲ သူမတူသည့်ဆွဲဆောင်မှုတစ်ခုကိုရစေသည်။
ဆိုင်ထဲမှာ အတွဲတွေအချို့ ရှိပီး Laptop တလုံးနှင့် ကိုယ်စီထိုင်နေကြသည့်လူငယ်တွေလဲ ထိုင်ရာကမထ၊ သူငယ်ချင်းတွေဆုံပီး စကားလက်ဆုံကျနေသည့် အုပ်စုတွေကလဲ သူ့ အဖွဲ့ နှင့်သူ အေးချမ်းသည့် ညလေးတည ကိုဖြတ်သန်းနေသယောင်ယောင်။
ချလွင်..............
တနေ့ ကုန် ဒီအသံလေးကိုသူကြားနေရပေမယ့်လို့ ဒီအချိန်မှာကြားတက်သည့်ခေါင်းလောင်းသံလေးကိုတော့ သေချာနားစိုက်ထောင်နေကြဖြစ်လို့ ကျော်လေး တနေ့တာရောင်းရသည့်ငွေတွေကိုသိမ်းနေရာမှ မျက်လုံး တချက်လှန်ကြည့်လိုက်သည်။ ဆိုင်ထဲဝင်လာသည့်လူကို မြင်လိုက်တာနဲ့ သူ့ နှုတ်ခမ်းတွေအလိုလို တင်းတင်း စေ့သွားမိသည်။
YOU ARE READING
("လင်းပိုင်လေး"ရဲ့ကောင်းကင်ပြာ) "Completed" U&Z
RomanceAdam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့တဲ့အထဲမှာမပါပါဘူးကွာ RING-S စာရေးသူ၏စိတ်ကူးပုံဖော်မှုတစ်ခုသာဖြစ်ပါသည်။ Adam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့အထဲမှာမပါပါဘူးကွာ RING-S