ည၁နာရီအချိန်
ဖန်မီးအိမ်လေးတွေထွန်းထားတဲ့ကော်ဖီဆိုင်လေးအတွင်းမှာ လူနှစ်ယောက်မျက်နှာ ချင်းဆိုင်ထိုင်နေကြသည်။ ဆိုင်အပြင်ကခုံတန်းလေးမှာတော့ ဆိုင်အတွင်းထဲက လူနှစ်ယောက်ရဲ့ အရိပ်အခြေအနေကိုသိချင်နေလို့ သေချာစောင့်ကြည့်နေတဲ့လူ၄ယာက်လဲ ရှိနေသည်။
"ဘယ်လိုညှိကြမလဲ ဒီမောင်နှမတွေ"
"ကေလေ သူတို့နှစ်ယောက်ကိုမောင်နှမတော်တယ်လို့ပြောတုန်းက တကယ့်စွံအသွားတာ မထင်ရဘူးလေနော်..ကျော်လေးက တကယ်သနားဖို့ကောင်းခဲ့တာ ကေနဲ့တူတူနေတုန်းကဆို သူတကယ်ကိုအထီးကျန်နေရှာတာ အခုဦးထွဋ်နဲ့တွေ့မှမေတ္တာတွေရပီးသူ့မှာရယ်ခွင့်ပြုံးခွင့်ရတာပဲ..ဟိုမိန်းမကြီးက တကယ့်မြွေဟောက်မပဲ ကျက်သရေကိုတုံးတယ်"
တကျော်ကလက်ထဲကဘီယာဗူးကိုကုန်အောင်မော့နေကာအသံတိတ်နေစဲ၊သုံးကျော်ကမူ မိန်းမဖြစ်သူခြင်ကိုက်မှာစိုးရိမ်လို့ယပ်တခပ်ခပ်နဲ့အလုပ်ရှုပ်နေပြန်သည်။
ဆိုင်ထဲမှာတော့
"ကဲချောရတီချို ဘာဆက်လုပ်မှာလဲ မင်းပြောတဲ့အတိုင်း မင်းအဖေရဲ့အမျိုးတွေစီ ငါကိုယ်တိုင်လိုက်ပြောပေးရင် ရလောက်မယ်ဆိုလို့ငါ့ဒီအခွက်ကိုပြပီး အကျိုးသင့်အကြောင်းသင့်လဲလိုက်ပြောပေးပီးပီ...မင်းမြင်တဲ့အတိုင်းပဲလေ...ဘယ်မှာအဆင်ပြေ လို့လဲ ဟမ်...ငါ့ကိုတောင်ငွေမက်လို့ အခုမှထွက်လာတာလားဆိုတဲ့ အကြည့်နဲ့တောင်ကြည့်လာသေးတယ် တကယ့်လူတွေ..ဟက်.. တရားကျစရာကောင်းလွန်းတယ်..."
"....."
"ငါအဲ့ဒီလူတွေနဲ့ခုလိုသွားတွေ့တာများ သေသွားတဲ့ငါ့အမေသာသိရင် နှစ်ခါပြန်တောင်သေသွားမလားမသိဘူး $ရှက်ခွဲရလားဆိုပီး.....ကျစ် "
"ဒီလိုဖြစ်မယ်ဆိုတာ ငါသိပီးသား...ငါ့ဘက်ကအခုလိုမလိုက်ပေးခဲ့ရင် မင်းစိတ်ထဲတမျိုးထင်နေဦးမှာမလား မင်းမျက်နှာနဲ့ငါဒီလိုလုပ်ပေးတာပဲ အဲ့ဒါမြဲမြဲမှတ်ထားလိုက် ချောရတီချို...နောက်ပီးဘ၀မှာ ငွေနဲ့ပတ်သက်ရင် ဆွေမျိုးလည်း အလကားပဲ အဲ့စောက်ခွက်တွေကိုမသေမချင်းမှတ်သာထား...."
YOU ARE READING
("လင်းပိုင်လေး"ရဲ့ကောင်းကင်ပြာ) "Completed" U&Z
RomanceAdam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့တဲ့အထဲမှာမပါပါဘူးကွာ RING-S စာရေးသူ၏စိတ်ကူးပုံဖော်မှုတစ်ခုသာဖြစ်ပါသည်။ Adam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့အထဲမှာမပါပါဘူးကွာ RING-S