☁️☁️☁️

2.6K 234 10
                                    

တဖက်တွင်လည်း

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

တဖက်တွင်လည်း


ဂီး......................

ငှက်ဆိုး၏မြည်ကြွေးသံဟာလွန်စွာစူးရှနေ၏။ညသန်းခေါင်အချိန်မီးရောင်ပြပြထွန်းလင်းနေသည့်အခန်းကျယ်ထဲတွင်...

"အစ်ကိုကြီး..အင်း........"

"နေသာအောင်နေပါကွာ...စကားတွေမပြောနေနဲ့... ညီမောင်"

"မဟုတ် ဘူး.. ဟင်း~~ ကျွန်တော်ပြော ရမယ် သားထွဋ်ကို~~~ ပြန်ပီးခေါ်လိုက်ပါ ဗျာ..အစ်ကိုကြီးရဲ့ ~~~သားက ကျွန်တော်....~~~~ကျွန်တော်တို့မိသားစုရဲ့မျိုးဆက်လေ..~~~~နောက်ပီးအဖေရဲ့အချစ်ဆုံးမြေးဦးနောက်ပီး ~~~အစ်ကိုကြီးရဲ့....အစ်ကိုကြီးရဲ့သွေးပဲလေဗျာ...အဟွတ်......ဟင်း~~~~"

ညီဖြစ်သူကိုစိုက်ကြည့်နေရာကနေ ဦးဆွေမိုးမောင်မောင် ကုတင်ဘေးမှာထိုင်နေသည်ဆရာ၀န်ကိုတချက်ကြည့်လိုက်မိတော့ဆရာ၀န်ဖြစ်သူမှာ သူ့ကိုမသိမသာခေါင်းခါပြလာခဲ့၏။ထို့ကြောင့်ရင်ထဲမှာ၀မ်းနည်းပီးလှိုက်တက်လာသည့်ခံစားချက်ကိုလက်မခံ ချင်နေသည့်စိတ်ဖြင့်လျစ်လျူရှလိုက်ပီးညီဖြစ်သူကိုနီရဲချင်နေသည့် မျက်လုံးတွေနဲ့ပြန်ငုံ့ကြည့်လိုက်ရသည်။

ခက်ခက်ခဲခဲစကားကိုတလုံးစီပြောနေပီးကုတင်ပေါ်မှာလှဲလျောင်းနေသည့်ညီဖြစ်နေသူကိုကြည့်ရင်းဦးဆွေမိုးမောင်မောင်အံကိုကြိတ်ထားမိသည်။ငယ်ကတည်းကအား နည်းသူကိုရောဂါဆိုးကြီးကထပ်ပီးအနိင်ယူသွားခဲ့ပီဖြစ်သည်။ဘ၀ရဲ့နောက်ဆုံးချိန်ကို‌အံတုပီးတူဖြစ်သူအတွက်စကားတွေပြောနေသည့်ညီဖြစ်သူကိုကြည့်ရင်းအံကြိတ်နေရသည့် ဦးဆွေမိုးမောင်မောင်မှာနောက်ဆုံးမှာတော့ညီဖြစ်သူအား ခေါင်းကိုတဆတ်ဆတ်ညိမ့်ပြလိုက်ရ၏။

("လင်းပိုင်လေး"ရဲ့ကောင်းကင်ပြာ) "Completed" U&ZWhere stories live. Discover now