Note.အခုနောက်ပိုင်းရေးသားမည့် ဖြစ်စဉ်အားလုံးဟာ စာရေးသူရဲ့စိတ်ကူးယဉ်သက်သက်ဖြစ်တာကြောင့် စာဖတ်သူနှင့်အတွေးမကိုက်ညီခဲ့ပါက စိတ်မကောင်းမိပါကြောင်းကြိုတင်မေတ္တာရပ်ခံပါရစေ။ကိုယ့်ကြောင့် အချိန်တွေကုန်သွားခဲ့ရင် Sorryပါနော်စာဖတ်သူတို့ရေ။🥺
RING-S
ကောင်းကင်တခွင်လုံးမိုးသားတွေကင်းစင်နေကာ လမင်းကြီးတစ်စင်းမှာလည်းအပြည့်၀ဆုံးထွန်းလင်းနေလေသည်။
လူနှစ်ယောက်ဆီမီးခွက်လေးတွေကိုအတူမီးညှိရင်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာပြိုင်တူပြုံးမိလိုက်ကြသည်။
"နေလို့ကောင်းလိုက်တာ"
"အဟက်..."
ဘုရားကုန်းတော်ပေါ်ကသစ်ပင်တွေကိုဖြတ်တိုက်လာသည့်ညချမ်းလေပြေလေးကိုကျော်လေးမျက်လုံးလေး မှိတ်ကာရှုရှိုက်ရင်း တီးတိုးလေးရွတ်လိုက်မိတော့ အနားမှာရှိနေတဲ့လူကြီးရဲ့ ရယ်သံလေး တချို့ကိုသူကြား လိုက်ရသည်။သူ့ခေါင်းကဆံပင်လေးတွေကိုအသာအယာကိုင်လာခဲ့ပီး တစ်ချက်တချက်ခိုးနမ်းနေတက်တဲ့ လူကြီးရဲ့အပြုအမူတွေကို ကျော်လေးဆိုတဲ့ကောင်ငယ်လေးမှာလဲ အမြဲမလိုချင်ပဲရှိမယ်တဲ့လားလေ။
"မောင်....ကျွန်တော်တို့ခေါင်းလောင်းထိုးရအောင်လေ"
"ကောင်းသားပဲကွ..လာ.. ဟိုနားလေးမှာလူမရှိဘူး"
ဘုရားရင်ပြင်မှာ ရဟန်းများနှင့်သီလရှင်များအပါအ၀င် ဘုရားဂုဏ်တော်များကိုအုပ်စုလိုက်ရွတ်ဖတ်ပူဇော် နေသည့်၀တ်ရွတ်အသင်းအဖွဲ့များစွာလည်းရှိနေကြကာမိသားစုလိုက်ကုသိုလ်ပြုဘုရားဖူးနေကြသည့် လူများဖြင့်ပြည့်နေသည်။
ဒူ.......ဒူ................ဒူ.......
ဒူ......ဒူ................ဒူ.........
ဦးထွဋ်မောင်မောင် ကလေးငယ်နှင့်မျက်နှာချင်းဆိုင်နေရာလေးမှာရပ်လျှက် ဘုရားရင်ပြင်ကခေါင်းလောင်းကြီးကို ပြိုင်တူထိုးပူဇော်နေရင်းသူနှင့်ဆင်တူအကျီအစိမ်းနုနု Shirt တစ်ထည်ကိုအစင်းလိုင်းပါအစိမ်းပုတ်ရောင်ပုဆိုးလေးဖြင့်သေသေ သပ်သပ်လေးတွဲ၀တ်ထားသည့် ကောင်ငယ်လေးကိုကြည့်ရင်းပြုံးမိလိုက်သည်။ ကလေးငယ်ရဲ့လူကြီးလေး လိုပြောင်းလဲသွားတဲ့ ကိုယ်ဟန်လေးကသူ့မျက်စိထဲမှာတော့ အင်မတန်ကြည့်ကောင်းနေကာစိတ်ထဲမှာလည်းသူမတူအောင် အသဲယားနေမိပြန်သည်။
YOU ARE READING
("လင်းပိုင်လေး"ရဲ့ကောင်းကင်ပြာ) "Completed" U&Z
Storie d'amoreAdam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့တဲ့အထဲမှာမပါပါဘူးကွာ RING-S စာရေးသူ၏စိတ်ကူးပုံဖော်မှုတစ်ခုသာဖြစ်ပါသည်။ Adam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့အထဲမှာမပါပါဘူးကွာ RING-S