Zawgyi
Ring Ring Ring Ring
ပြဲကနဲမြည်လာသည့်သီချင်းသံကြောင့် ကျော်လေးကုတင်ဘေးက Site table မှာအားသွင်းထားတဲ့ဖုန်းကို လက်နဲ့စမ်းပီးယူလိုက်သည်။
"Hel...lo..!"
"ဟဲ့ မလာဘူးလား"
"အင်း...."
စူးကနဲထွက်လာတဲ့အသံကြောင့်သူ့ အနားမှာအိပ်နေသည့်လူကြီးရဲ့ အလိုမကျသံတချက်ထွက်လာခဲ့လို့  ကျော်လေးဖုန်း Speaker ကိုအမြန်ပိတ်လိုက်ရသည်။အချိန်ကိုကြည့်လိုက်တော့မနက်၅နာရီတိတိ ရှိနေပီဖြစ်သည်။
"အာ.လေးကေ ဘာဖြစ်လို့ လဲ"
"နင့်ကိုလေ ငါသတ်မိတော့မယ် ဒီနေ့ ငါတို့ အိမ်သစ်တက်လေ မနက်အာရုံဆွမ်းကပ်မှာ လာဖြစ်အောင် လာပါဆိုမှ ခဏနေဘုန်းကြီးတောင်ကြွလာတော့မယ် နင်တကယ်မေ့နေတာလား သောက်ကျင့်ကိုမကောင်းဘူး ကဲစောစောစီးစီးဆဲလိုက်ပီ ခုချက်ချင်းလာခဲ့ မဟုတ်ရင်ငါနဲ့တွေ့မယ်မှတ်"
"အာ ဆောရီး ဆောရီး ငါတကယ်အိပ်ပျော်သွားလို့ တရားနာတော့မမှီလောက်တော့ဘူးထင်တယ် ငါ့ကိုမစောင့်နဲ့နော် ငါအခုနိုးပီလာခဲ့မယ် တကယ်ဆောရီးပါကွာ.."
"ပီးတာပဲ နင်ရောတကျော်ရောအတူတူပဲ မုန်းစရာကောင်းတဲ့ဟာတွေ မြန်မြန်လာ ငါဧည့်သည်တွေဖိတ်ထားလို့  ဒါပဲ"
"အိုကေ အိုကေ"
တီ
ဖုန်းကိုချလိုက်ပီး ချက်ချင်းမထသေးပဲ ဘေးမှာဟိုဘက်ဒီဘက်လှည့်နေသည့်လူကြီးကို ကြည့်လိုက်ပီး ကျော်လေး ပြုံးလိုက်ကာ ကိုယ်ကိုကြွလိုက်ပီးသူ့ ကိုကျောပေးထားသည့် လူကြီးရဲ့ပါးပြင်တဖက်ကိုငုံ့  နမ်းလိုက်သည်။
"ပြွတ်..."
"အဟင်း...ဟိုကောင်လေးလား"
"အင်း သင်္ဘေင်္ာသားကတော်လေ..အဟက်.."
"ဟန့် ဒါဆို သူများကိုကျပြောပီး လင်းပိုင်လေးကရော"
"ကျွန်တော်ကလား သူဌေးကြီး ဦးထွဋ်မောင်မောင်ရဲ့ သူဌေးကတော်လုပ်ရမလား ခင်ပွန်းပိစိပဲလုပ်ရမလား အဟက်"
သူ့ စကားကိုကြားလိုက်လို့ သူ့ ဘက်လှည့်ပီး ရင်ခွင်ထဲဆွဲသွင်းနေ သည့်လူကြီးရဲ့ အကျီအတွင်းထဲ ထိလက်လျိုသွင်းလိုက်သည်။
YOU ARE READING
("လင်းပိုင်လေး"ရဲ့ကောင်းကင်ပြာ) "Completed" U&Z
RomanceAdam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့တဲ့အထဲမှာမပါပါဘူးကွာ RING-S စာရေးသူ၏စိတ်ကူးပုံဖော်မှုတစ်ခုသာဖြစ်ပါသည်။ Adam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့အထဲမှာမပါပါဘူးကွာ RING-S