၁လခန့်အကြာ
"Morning ဖေဖေ ညကအိပ်လို့အဆင်ပြေလား"
"အေး သားကြီး ပြေတယ် မင်းရဲ့နည်းက ငါနဲ့အတော်ကိုက်တယ်ပြောရမယ်ကွ အရင်ထက်အများကြီး နေလို့အဆင်ပြေနေတယ်"
"ဒါဆိုကောင်းတာပေါ့"
"အေးကွ....ဒါနဲ့...ဟိုကောင်လေးရော မနိုးသေးဘူးလား မင်းလဲသေချာအိပ်ရရဲ့လား"
"မနိုးသေးဘူး ညက အဲ့ဒီကလေးအိမ်မက်တွေထပ်မက်နေပြန်တယ် ခဏခဏလန့်နိုးနိုးနေလို့ရေထထ တိုက်နေရတာနဲ့မိုးလင်းသွားတော့တာပဲဖေဖေ...သူရောကျွန်တော်ပါမနက်လင်းခါနီးမှသေချာအိပ်ရတာပဲ"
"ဟင်း...ဘယ်လိုဖြစ်တာလဲကွာ မက်တာကရော အရင်အိမ်မက်ပဲတဲ့လား သားကြီး"
"တပုံစံတည်းလို့ပြောတာပဲဖေဖေ ဒီအခြေအနေကိုကျွန်တော်လဲသိပ်မကြိုက်ချင်တော့ဘူး အခုဟာက နိုးလာတိုင်းကလေးက တကိုယ်လုံးချွေးတွေရွှဲနေပီးရေမွန်းလာသလိုလိုဖြစ်ဖြစ်နေတာ"
"ခက်တာပဲ ဒီအိမ်ရောက်မှဖြစ်တာဆိုတော့လည်း တစ်ခုခုတော့လုပ်ဦးမှာပါ ဟိုအိမ်မှာရော အရင်ကမက်လား"
"ဒီလိုပုံစံမျိုးဖြစ်တဲ့အထိ မမက်ဘူး ဖေဖေ တညလုံးကောင်းကောင်းအိပ်တယ် အရင်ကတည်းကအအိပ်မက်တဲ့ကလေးလေ.. ခေါင်းအုံးပေါ်ခေါင်းချလိုက်တာနဲ တချိုးတည်းအိပ်တာနိုးလို့တောင်မရဘူး..."
"...."
"အခုက ..ဟင်း...ဘာဖြစ်မှန်းမသိနေတာခက်တယ် ကျွန်တော်လည်းစဉ်းစားလို့ကိုမနိုင်ဘူး ဆရာ၀န်ကလဲ အိပ်ဆေးပဲပေးလာတယ် ကျန်တာဘာရောဂါမှလည်းမရှိဘူးအကုန်ကောင်းနေတာကို"
"ဒါဆိုလည်းဟိုဘက်အိမ်မှာပဲပြန်နေကြပါကွာ ဒီမှာဖေဖေတစ်ယောက်တည်းနေလည်းအဆင်ပြေတယ် ဒီမှာသိန်းမြင့်လည်းရှိနေတာပဲလေ"
"ဟုတ် ကျွန်တော်လည်း အဲ့ဒီလိုလုပ်ဖို့ပဲစီစဉ်ထားတယ်ဖေဖေ့ အကောင်ပေါက်က ပြောမရဘူး ဒီမှာအိပ်မယ်ပဲ ပိတ်ရက်တွေမှာ တနေကုန်မင်းဖေကြီးနဲ့နေပါ...ဟိုဘက်အိမ်ကိုညနက်မှပြန်အိပ်ရအောင်ဆိုလည်း လက်မခံနေဘူး ဒီမှာအိပ်မယ်ကြီးပဲ....အဲ့ကလေးကတစ်ခါတခါ...ပြောရခက်တယ်ဖေဖေ"
YOU ARE READING
("လင်းပိုင်လေး"ရဲ့ကောင်းကင်ပြာ) "Completed" U&Z
RomantikAdam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့တဲ့အထဲမှာမပါပါဘူးကွာ RING-S စာရေးသူ၏စိတ်ကူးပုံဖော်မှုတစ်ခုသာဖြစ်ပါသည်။ Adam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့အထဲမှာမပါပါဘူးကွာ RING-S