စာဖတ်သူတို့ရေ...
ဒီကာလတွေမှာနှလုံးစိတ်ဝမ်းအေးချမ်းပြီး စိတ်ချမ်းမြေ့ဖို့ပဲ အဓိကအနေနဲ့ဆုတောင်းပေးပါရစေနော်။
နှစ်သစ်အချိန်အခါမှစ၍စိတ်နှလုံးအေးချမ်းစွာအိပ်စက်ရသောညချမ်းအချိန်။စိတ်နှလုံးအေးချမ်းစွာ နိုးထခွင့်ရသော မနက်ခင်းအချိန်တွေကိုသာ ပိုင်ဆိုင်ကြပါစေ။
🕊️🕊️🕊️🕊️🕊️
RING-S
🤍🤍🤍🤍🤍🤍🤍🤍🤍🤍🤍🤍🤍🤍
Unicode
ဆေးရုံကကုတင်ပေါ်မှာလှဲအိပ်နေသည့်သားတော်မောင်ကို သေချာကြည့်ရင်း ရင်ထဲမချိမဆံ့ခံစားနေရသူကတော့ မိခင်ဖြစ်သူဒေါ်ရွှေမိမိပင်။မွေးကတည်းက ရွှေလင်ဗန်းနဲ့အချင်းမဆေးရုံတမယ်ဖူးဖူးမှုတ်ထားခဲ့ပီး သူမပြုစုလာရသည့် သားဖြစ်သူမှာအခုတော့ သန်တုန်းမြန်တုန်းအရွယ်ကောင်းအရွယ်မှာတင် မူးယစ်ဆေးရဲ့သားကောင် ဖြစ်နေခဲ့ရသည်။အရင်က ပြည့်ပြည့်ဖြိုးဖြိုးခန္ဓာမှာပိန်ချုံးနေကာမွေးထားတဲ့မိခင်ကတောင်သားဖြစ်သူရဲ့ နဂိုရုပ်ကိုမနည်းဖမ်းနေရသည်။
"ဥက္ကာရယ်~~~ ဒီအမေမင်းကိုဒီလိုတွေမြင်ရတာရင်တွေနာလိုက်တာကွယ်~~~~~~ ငါ့သားရယ်~~"
မျက်ရည်လေးတစမ်းစမ်းနဲ့ သားဖြစ်သူရဲ့ မျက်နှာကိုလက်နဲ့အသာအယာကိုင်လိုက်ရင်း မချိတင်ကဲစကားကို ဒေါ်ရွှေမိမိရေရွတ်လိုက်မိသည်။
သားဖြစ်သူရဲ့Companyပိုင်ငွေများကိုအလွဲသုံးစားလုပ်ထားသည့်ကိစ္စများနှင့်ပတ်သက်၍ ယောက်ျားဖြစ်သူဦးဆွေမိုးမောင်မောင်ဘက်မှတာဝန်ယူဖြေရှင်းထားပေးခဲ့သော်လည်း သူတပါးသမီးပျိုလေးများကိုခြေတော်တင်သလိုပွေရှုပ်ထားသည့်လူမှုရေးပြသာနာများကြောင့် သက်ဆိုင်သူမိသားစုများမှ ပုဒ်မအမျိုးမျိုးတပ်ကာတရားစွဲဆိုထားသည့်အမှုများကိုတော့ ရင်ဆိုင်ရဦးမှာဧကန်မလွဲပင်။ထို့အပြင်လက်ဖျားမှာငွေသီးနေစဉ်အချိန်က နာမည်ကြီးလူဆိုးဂိုဏ်းလိုအဖွဲ့အစည်းမျိုးနှင့်ပတ်သက်ဆက်နွယ်နေသည့်
တရားမ၀င်လောင်းကစားဝိုင်းလိုနေရာမျိုးမှာ စိတ်ထင်တိုင်းကျဲပတ်မွေထားသည့်ကိစ္စများကြောင့်ပေးရန်ရှိအကြွေးများကလည်းသိန်းထောင်ချီရှိနေပြန်သည်။
YOU ARE READING
("လင်းပိုင်လေး"ရဲ့ကောင်းကင်ပြာ) "Completed" U&Z
Lãng mạnAdam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့တဲ့အထဲမှာမပါပါဘူးကွာ RING-S စာရေးသူ၏စိတ်ကူးပုံဖော်မှုတစ်ခုသာဖြစ်ပါသည်။ Adam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့အထဲမှာမပါပါဘူးကွာ RING-S