"ပြန်တော့မှာလား ကိုကျော်လေး"
"အေး မင်းတို့ပြန်ရင် တံခါးသေချာပိတ်ခဲ့နော် အကုန်သေချာစစ်လိုက်ဦး"
"စိတ်ချပါ ကိုကျော်လေး"
ကျော်လေးခုံပေါ်တင်ထားသည့်အိတ်ကိုယူလိုက်ပီး ဆိုင်အပြင်ကိုထွက်လိုက်သည်။ ဆိုင်အပြင်ကနေ တစ်ကျော်ရဲ့ဆိုင်ကိုမော့ကြည့်လိုက်တော့ cus ရှိနေသေးတာကြောင့် သူတကျော်ရဲ့ဖုန်းကိုပဲ လှမ်းဆက်လိုက်သည်။
"Bro,ဘယ်လိုလဲ သွားမှာလား....."
"....."
"ဟမ် မင်းကလဲအချိန်လဲကြည့်ဦးလေကွာ Bar ပိတ်မှ သွားရမှာလား Fuck!ပဲ..ကျစ်...!!!"
"....."
ထိုစဉ် သူ့ ရှေ့ တည့်တည့်ကိုလာရပ်သည့် လူကိုမော့ကြည့်လိုက်မိတာနဲ့ကျော်လေး မျက်နှာလေးအိုကျ သွားတော့သည်။ထိုလူကတခြားလူမဟုတ် သူရဲ့လူကြီးဖြစ်တဲ့ဦးထွဋ်မောင်မောင်ရဲ့ သေဆိုသေရှင်ဆိုရှင်မည့် တပည့်ခတ်နီပင်။
"ကိုခတ်...ဒီညမလိုက်လို့ မရဘူးလား..ဟင်.."
ခတ်နီထိုအစကားသံကိုကြားလိုက်တာနဲ့ ထိုကောင်လေးကိုတချက်ပြုံးပြလိုက်ပီး ကားတံခါးကိုဖွင့် ပေးလိုက်သည်။ကျော်လေးတစ်ယောက် သက်ပျင်းတချက်အရှည်ကြီးချလိုက်ပီး ကားထဲဝင်ထိုင်လိုက်သည်။
ကားကိုစံအိမ်ပေါ်တီကိုကိုထိုးလိုက်တာနှင့်တပြိုင်နက် ဦးသီလတို့ ကသူ့ ကိုထွက်ကြိုသည်။သူ့ လက်ထဲက အိတ်ကိုဦးသီလ ကဆွဲယူလိုက်ပီး အိမ်အကူကောင်မလေးက သူ့ထံကိုရေခွက်လေးတခွက် ကမ်းပေး လာခဲ့သည်။ ကျော်လေး ရေကိုကုန်အောင်သောက်လိုက်ပီး ဓာတ်လှေကားထဲဝင်လိုက်သည်။
အပေါ်ဆုံးထပ်ကိုရောက်တာနဲ့ ဦးထွဋ်ရဲ့ စာကြည့်ခန်းတံခါးကိုခေါက်ပီးဝင်လိုက်သည်။
"ဒေါက်ဒေါက်....."
ဦးထွဋ်မောင်မောင် အလုပ်စားပွဲမှာထိုင်နေရင်းနဲ့ တံခါးခေါက်သံကြားလို့ လှည့်ကြည့်လိုက်သည်။အဖြူရောင် Tshirt အကျီပြောင်လေးပေါ်မှာအပြာရောင်ငှက်မွှေးပုံပါသည့် Hawaii Shirt လေးကိုအောက်က Skinny Jeansနှင့်တွဲဝတ်ထားသည့် ကောင်ငယ်လေးကို သူစူးစိုက်ကြည့် လိုက်မိသည်။
YOU ARE READING
("လင်းပိုင်လေး"ရဲ့ကောင်းကင်ပြာ) "Completed" U&Z
RomanceAdam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့တဲ့အထဲမှာမပါပါဘူးကွာ RING-S စာရေးသူ၏စိတ်ကူးပုံဖော်မှုတစ်ခုသာဖြစ်ပါသည်။ Adam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့အထဲမှာမပါပါဘူးကွာ RING-S