Dolphin 🐬 34

1.4K 103 2
                                    

Unicode

"1 Month Later"

မနေ့ညကနေစွေနေတဲ့မိုးမင်း ယနေ့ညနေစောင်းအချိန်လေးမှာတော့ခတ္တခဏစဲသွားခဲ့သော်လည်း ကော်ဖီ ဆိုင်လေးအတွင်းကမှန်ပြတင်းအရှည်လေးတွေမှာတော့ မိုးရေစက်လေးတွေတွဲခိုနေစဲပင်။ ကောင်းကင်မှာ အညိုရောင်တိမ်တိုက်များကြားတစွန်းတစပြူထွက်လာသည့် နေရောင်ခြည်လေးကြောင့် ဝါကျင်ကျင်အလင်းရောင်လေး အချို့ကိုမြင်နေရသည်။ရုံးဆင်းချိန်ဖြစ်နေတာကြောင့် Business Center ထဲမှာအရင်အချိန်ထက် လူ၀င်လူထွက်များနေသကဲ့သို့လမ်းမပေါ်မှာလည်းကားတွေစီတန်းကာ Traffic Jamဖြစ်နေသည်။

"2M" ဆိုတဲ့ကော်ဖီဆိုင်လေးအတွင်းမှာတော့ ညနေခင်းကော်ဖီသောက်တက်သူအချို့နှင့် အလုပ်ကနေအပြန် တကူးတကလာဆုံကြပြီး Coffee Date လုပ်ရင်းစကားထိုင်ပြောနေကြသည့် လူငယ်အချို့လည်းရှိနေသည်။ တပတ်လုံးမိုးတွေဆက်တိုက်ရွာနေတာခဲ့တာကြောင့် ပတ်၀န်းကျင်မှာရှိသည့်လူတိုင်းရဲ့ လက်ထဲမှာ ထီးတစ်ချောင်းစီရှိနေကာ အဝေးကနေ ကြည့်လိုက်ရင်မြေမြင်ပေါ်က သက်တန့်လေးကဲ့သို့အရောင်အသွေးစုံနေ လျှက်ရှိနေသည်။

🎐ချလွင်....🎐

ဒီးဒီး....

ဖုန်းထဲရုတ်တရက် ၀င်လာသည့်စာတိုအသံကြောင့်ကျော်လေး Espresso ချနေရာကနေ ပြီးတာနဲ့ချက်ချင်း ဘောင်းဘီအိတ်ကပ်ထဲထည့်ထားမိသည့်ဖုန်းကို ယူကြည့်လိုက်မိသည်။ကျော်လေးစီ စာတိုပို့တဲ့သူမှာ ဦးထွဋ်မောင်မောင်ဆိုသည့်လူကြီးပင်။ကျော်လေးအတွက်ဆိုရင် ဦးထွဋ်မောင်မောင်ဆိုသည့်လူကြီးမှာ စာတိုထက် ဖုန်းတိုက်ရိုက်ခေါ်ဆိုတက်သည့်နည်းကိုသာကျင့်သုံးတက်သူဖြစ်လို့စိတ်ထဲမှာ အထူးအဆန်း ဖြစ်မိသွားတာကြောင့် ဖုန်းထဲကစာကို သုံးလေးခေါက်ဖတ်မိသည်အထိပင်။

ဆိုင်က စိတ်ချရတဲ့၀န်ထမ်းအချို့ကိုမှာစရာရှိတာမှာခဲ့ပြီးနောက် ခွက်ထဲကAmericano လက်ကျန်ကိုကုန်အောင်မော့လိုက်ရင်း ကားပါကင်ရှိရာသို့ထီးလေးဆောင်းရင်းလာခဲ့လိုက်သည်။

ညနေခင်းကားပိတ်သည့်အချိန်ဖြစ်နေတာကြောင့် သက်ပြင်းကိုအခါခါချရင်း ကားကိုစိတ်မရှည်ရှည်အောင် မောင်းနေရသူကတော့ ကျော်လေးပင်။ကားထဲမှာခပ်တိုးတိုးဖွင့်ထားသည့်သီချင်းသံထက် GPS App ထဲက လမ်းညွှန်နေသည့်အမျိုးသမီးရဲ့ အသံကတချက်တချက်ထွက်လာသည်။

("လင်းပိုင်လေး"ရဲ့ကောင်းကင်ပြာ) "Completed" U&ZWhere stories live. Discover now