စံအိမ်ကြီးရဲ့အပေါ်ဆုံးထပ်စာကြည့်ခန်းထဲရှိအလုပ်စားပွဲကြီးရှေ့တွင် လူတစ်ယောက်ငြိမ်ငြိမ်လေးရပ်နေသည်။
ဗူးအနက်လေးရဲ့အဖုံးလေးကိုဖွင့်ပီး အထဲက၀င်းကနဲလက်သွားတဲ့အရာလေးကိုစာကြည့်မီးရောင်အောက် သူသေချာကိုင်ကြည့်နေမိသည်။ဒင်္ဂါးပြားမှာပါတဲ့ သင်္ကေတလေးကိုလက်နဲ့သေချာပွတ်ကြည့်ရင်းနောက်ဆုံးမက်ခဲ့တဲ့အိမ်မက်အကြောင်းကို သေချာပြန်တွေးလိုက်မိတာနဲ့ တကိုယ်လုံးကြက်သီးတွေထလာလို့ကျော်လေးသူ့လက်ထဲကိုင်ထားတဲ့ဆွဲကြိုးကိုဗူးထဲပြန်ထည့်လိုက်ပီးအသက်ဝအောင်ရှုလိုက်ရင်းနဲ့နှလုံးအိမ်ရှိနေတဲ့ဘက်ကိုလက်နဲ့ဖိထားလိုက်မိသည်။
စိတ်ငြိမ်သွားခါမှလက်ထဲကဗူးကိုချလိုက်ပီးနောက်အိမ်မက်အကြောင်းမှတ်မိသလောက်ချရေးထားတဲ့စာအုပ်လေးကိုဖွင့်ကာစာတွေကိုပြန်ဖတ်လိုက်သည်။
ပုံတူဆွဲထားတဲ့ဓာတ်ပုံများကိုပြန်ကြည့်ရင်း အကြောင်းအရာအားလုံးကိုသူတွေးနိုင်သလောက်ဆက်စပ်နေမိသည်။တနေကုန်ဒီအကြောင်းကိုပဲတွေးမိနေတာကြောင့်ခံစားချက်ပေါင်းများစွာကသူ့ ခေါင်းထဲမှာပြွတ်သိပ်၀င်ရောက်လာသည်။
ဟင်းး.....
"သေခြင်းတရားဆိုတာ ဘာလဲ"ဆိုတဲ့အဖြေကိုသိသွားတဲ့ သေရွာကပြန်လာခွင့်ရတဲ့ လူတစ်ယောက်လို သူခံစားနေရသည်။လွမ်းဆွတ်မှုဒဏ်ကို မခံစားနိုင်တော့လို့ရင်ကွဲနာကျသေသွားရတဲ့သူရဲ့နောက်ဆုံး အသက်ထွက်ချိန်အထိခံစားရတဲ့ဝေဒနာနဲ့နာကျင်မှုတွေကဘာနဲ့မှနှိုင်းလို့မရတဲ့အတိဒုက္ခတစ်ခုကဲ့သို့ပင်။
ထိုဒုက္ခတွေကိုသူမှတ်ဥာဏ်တွေထဲသေချာမှတ်မိနေတာကြောင့်တပတ်လောက်နေမထိထိုင်မသာဖြစ်နေရသည့်အပြင်တစ်ခုခုကိုစိုးရိမ်နေတာမျိုး၊ကြောက်လန့်တုန်လှုပ်နေတာမျိုး စသည့်ခံစားချက်တွေရောထွေးနေလို့ အခုရက်ပိုင်းဆိုင်တောင်မသွားဖြစ်ပဲတစ်ယောက်တည်းတနေကုန်ကုတင်ပေါ်မှာပဲခွေနေမိသည်။
အဲ့ဒီခံစားချက်နဲ့အာရုံတွေကို ပြန်တွေးမိတိုင်းကြက်သီးထလာကာ သူ့ရဲ့ နှလုံးအိမ်တစ်ခုလုံး အေးခဲသွားသလိုခံစားနေရသည်။ကျော်လေးအေးစက်နေတဲ့သူ့လက်ချောင်းတွေကိုအသာအယာဆုပ်ကိုင်ရင်း တစ်ယောက် ယောက်သူ့နောက်ကျောကိုစိုက်ကြည့်နေသလိုခံစားမိလိုက်တော့ နောက်ဘက်ကိုလှည့်ကြည့်လိုက်သည့် အခါမှာတော့
YOU ARE READING
("လင်းပိုင်လေး"ရဲ့ကောင်းကင်ပြာ) "Completed" U&Z
RomanceAdam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့တဲ့အထဲမှာမပါပါဘူးကွာ RING-S စာရေးသူ၏စိတ်ကူးပုံဖော်မှုတစ်ခုသာဖြစ်ပါသည်။ Adam မင်းရောငါရောက ပန်းသီးတလုံးကြောင့် သစ္စာတရားကိုမျက်ကွယ်ပြုခဲ့အထဲမှာမပါပါဘူးကွာ RING-S