Dolphin 🐬 23

1.5K 127 4
                                    

ZawGyi

☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️

🎐ချလွင်..🎐

"ကြိုဆိုပါတယ်ဗျာ.."

"ဟုတ်."

ဆံပင်ရှည်ရှည်နဲ့ ကောင်မလေးတစ်ယောက်က လက်ထဲကဖုန်းလေးကိုကိုင်ကာကောင်တာနားကိုလာခဲ့ပီး ဟိုကြည့်ဒီကြည့်လုပ်နေသည်။

"ချောရတီချို"

"အမလေး!!.....ကိုပိုင်..အဟီး...."

သူ့ရဲ့ခေါ်သံကြောင့် တုန်ကနဲဖြစ်သွားတဲ့ကောင်မလေးက သွားအကုန်ပေါ်အောင်ရယ်ပီး သူ့ဘက်ကို လှည့်ကြည့်လာခဲ့သည်။

"ကျောင်းမတက်ပဲဒီကိုဘာလာလုပ်တာလဲ"

"အဟီး ကိုပိုင်ကလဲ တက်ပါတယ်နော်...အခုပဲမုန့်စားဆင်းလာတာလေ.ချောဗိုက်ဆာလို့"

"ဒါလဲအကြောင်းပြတာပဲမလား မုန့်ဝယ်ပီးရင် သွားတော့"

"ဟုတ်......ဟွန်း စိတ်ကြီးပဲ အဲ့ကိုပိုင်က အကျင့်ကိုပုတ်တယ်"

ပါးစပ်ကပွစိပွစိနဲ့သူ့ပြောတာကိုတခွန်းမကျန်ခံပက်နေသလို၊တပတ်၅ရက်ဆိုင်လာနေကာ သူဘက်က မခေါ်ချင်၊မတော်ချင်လဲသွေးတော်စပ်နေသည့်ညီမဖြစ်နေသူကိုကျော်လေး ခပ်ထေ့ထေ့ကြည့်လိုက်သည်။ ကိုယ်နဲ့မောင်နှမ တော်စပ်မှန်း ဒီကောင်မလေးက မသိပေမယ့် သူကတော့သိနေတဲ့သူဖြစ်လို့ သိစိတ်ထဲမှာ သိပ်အလိုမကျချင်နေပေမယ့်လဲ အနေအထိုင်မတက်တာမြင်ရင်လူက အကြီးတစ်ယောက်ကအငယ် တစ်ယောက်ကိုဆုံးမချင်သလိုမျိုးဆူချင်ငေါက်ချင်မိပြန်သည်။

ဟိုတစ်ခါသူဝင်ရှင်းမိတဲ့ပြဿနာကနေအစပြုလို့သူ့ကိုကျေးဇူးတင်စကားဆိုခဲ့တဲ့ ကောင်မလေးက နောက်ပိုင်း ဆိုင်ကိုလာပီး အမျိုးမျိုးပြော၊ပုံစံမျိုးစုံမျက်နှာချိုသွေးပီး သူငယ်ချင်းတွေလုပ်ရအောင်၊ သူ့ကိုညီမလေး တစ်ယောက်လိုမွေးစားပါ့လားဆိုပီးတဖုံ၊တစ်ဦးတည်းသောသမီးဖြစ်လို့အစ်ကိုလိုချင်နေတာ တပိုင်းသေခဲ့တာက တမျိုးနဲ့ အနှောက်ယှက်ပေးနေသည့်ကလေးမကို ကျော်လေး ဘယ်လိုမောင်းထုတ်ရမယ် မသိဖြစ်နေသည်။

သူ့ထက်အသက်အများကြီးငယ်ပီး မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့်လို့အလိုလိုက်ခံထားရသည့်ကလေးလို ဘယ်အရာမှကောင်းကောင်းအလေးမထားနေသည့်ပုံပေါက်နေကာတစ်ခုမဟုတ် တခုလွဲလိုက်ရမှ၊ဖြစ်လိုက်ရမှနေသာထိုင်သာရှိနေပုံရပီး ပြာယာခပ်နေသည့်ကောင်မလေးကိုမြင်တိုင်းမအေဖြစ်သူကို ကျော်လေး အပြစ်တင် ဝေဖန်မိသည်။

("လင်းပိုင်လေး"ရဲ့ကောင်းကင်ပြာ) "Completed" U&ZWhere stories live. Discover now