Zawgyi
"မင်္ဂလာပါ ဆရာမ၊ကျေးဇူးတင်ပါတယ် ဆရာမ"
နံနက်ဆယ့်တစ်နာရီအချိန်လောက်တွင် အစိုးရကျောင်းတစ်ကျောင်း၏ ရှစ်တန်း(A)ခန်းတွင် ဆရာမကိုနှုတ်ဆက်သံများနှင့်ဆူညံနေသည်။နေ့လယ်စာစားချိန်ရောက်သောကြောင့် ကျောင်းသားအားလုံးနီးပါးက တက်ကြွနေကြသည်လေ။
"ကဲ၊ရပြီ။လုပ်စရာရှိတာ သွားလုပ်ကြတော့"
ဆရာမအခန်းထဲကထွက်သွားမှ ထမင်းစားသူကစား၊အခန်းပြင်ထွက်သူကထွက်နှင့် ကိုယ်စီအလုပ်ရှုပ်နေကြသည်။ယောက်ျားလေးရှေ့ဆုံးတန်း၏ သုံးခုံကျော်လောက်မှာတော့ ကောင်လေးတစ်ယောက်က ထမင်းစားဖို့လုပ်စရာရှိတာလုပ်နေပြီး နောက်တစ်ယောက်ကတော့ ဘေးနားကနေတကျီကျီနှင့်စကားများနေပုံရသည်။ထိုနှစ်ယောက်ကား တိမ်စိုင်ယံနှင့်တေးထက်ရန်ပင်။
"တေး၊ငါ့ကိုထမင်းနည်းနည်းကျွေးကွာ။ထမင်းချိုင့်မပါလာပါဘူးဆိုနေမှ"
"ကိုယံကလည်းဗျာ၊ကိုယ့်ဘာသာကိုယ်မုန့်သွားဝယ်စားလေ"
"ဘာလဲ၊မင်းကမကျွေးချင်တာလား။သူငယ်ချင်းအချင်းချင်းကို အဲ့လောက်တောင်စေတနာမရှိဘူးပေါ့။အေး၊ရတယ်။မင်းက ငါ့ကိုဆို စေတနာမရှိဘူးပဲ"
"ငါပြောတာ အဲ့ဒီလိုသဘော မဟုတ်ဘူးလေကွာ။မင်းအဆင်မပြေမှာစိုးလို့ပါ"
"တေးထက်ရန်။ငါမင်းကိုအဲ့ဒါတွေမကြိုက်တာ။အဆင်ပြေလို့ပဲ မင်းဆီက စားတာပေါ့။မကျွေးချင်ဘူးဆိုလည်း မကျွေးချင်ဘူးလို့ ရှင်းရှင်းပြောလေ။ဘာလို့ အဲ့ဒီလောက် လှည့်ပတ်ပြောနေရတာလဲ"
"အိုကေ၊ငါစကားပြောတာ နည်းနည်းမှားသွားတယ်။စိတ်မဆိုးနဲ့တော့နော်။ငါကမင်းအတွက် စေတနာနဲ့ ပြောလိုက်တာပါ။စားချင်လည်းစား၊ဒီနေ့မေမေက မင်းကြိုက်တဲ့ဟင်းချက်ထားပေးတာ"
"အဲ့ဒီလိုမှပေါ့။နောက်တစ်ခါ ပြောရဆိုရမခက်စေနဲ့။မင်းရဲ့ အဲ့ဒီလိုပုံစံကို ငါသဘောမကျဘူး"
"အင်းပါ၊နောက်တစ်ခါမင်းစကားနားထောင်မယ်နော်။အဲ့ဒါကြောင့် ငါ့ကိုစိတ်မဆိုးနဲ့"
YOU ARE READING
Confession
RomanceIs it OK to fall in love with your best friend? Note-This fiction is just my imagination.Thank you. Start date-1/7/2021 End date-31/10/2021