Zawgyi
ကျောင်းပိတ်ခါနီးသောကြောင့် ဆရာကန်တော့ပွဲလည်း နီးနေပြီဖြစ်သည်။စာလည်း သိပ်မသင်ရတော့သောကြောင့် ကျောင်းသားတချို့က ဟောခန်းထဲမှာ ဝိုင်းကူပေးရင်း အလုပ်ရှုပ်နေကြသည်။
သောကြာနေ့ဖြစ်သောကြောင့် အင်္ကျီလက်ရှည်ကို ဝတ်ရသည်။ရာသီဥတုက အတော်လေးပူသည့်အပြင် လိုက်ကူပေးနေရသောကြောင့် တိမ်စိုင်တစ်ယောက် သူ့အင်္ကျီလက်မှ ကြယ်သီးတို့ကို ဖြုတ်ရင်း ခေါက်တင်ထားရသည်။သွေးကြောစိမ်းစိမ်းတို့က လက်ဖျံနားမှာထင်းလို့။
ဟောခန်းက ပြတင်းပေါက်မှ ကြည့်လျှင် ရွှန်းလဲ့တို့ အခန်းဆီသို့ တန်းအောင် မြင်နေရသောကြောင့် သူ့အတွက် တကယ်အဆင်ပြေသည်။မ,စရာရှိသော ခုံတွေကို မ,လိုက်၊တစ်ဖက်အခန်းကို ငေးလိုက်နှင့် တစ်ယောက်တည်း အလုပ်ရှုပ်နေရှာသည်။
"တိမ်စိုင်!"
အဝေးမှ ပြေးလာသော ဖြိုးခန်၏အော်သံကြောင့် သူ့အကြည့်တို့က တစ်ဖက်သို့ ရောက်ရှိသွားသည်။မ,ထားသော ခုံငါးခုံးကို ကြမ်းပြင်ပေါ်ချလိုက်ပြီးနောက် သူ့ကို မျက်ခုံးပင့်ကာ မေးလိုက်သည်။
"ဘာဖြစ်တာလဲ။အော်ကြီးဟစ်ကျယ်နဲ့"
"တေးထက် အမြင့်ကနေ ပြုတ်ကျလို့"
"ဟင်၊ဘယ်အမြင့်လဲ"
"စတိတ်စင်ပေါ်ကနေ"
ထိုအခါမှ သူ့အကြည့်တို့က ခပ်လှမ်းလှမ်းမှာ လဲကျနေသော တေးဆီသို့ ရောက်သွားတော့သည်။စင်က အတော်လေးမြင့်သောကြောင့် တော်တော်နာသွားမည့်ပုံ။သူအလျင်အမြန်ပင် တေးနားသို့ ပြေးသွားလိုက်ကာ ဒူးထောက်ထိုင်ချလိုက်သည်။သမံတလင်းပေါ်သို့ ပြုတ်ကျသွားသော အရှိန်ကြောင့် တံတောင်ဆစ်နားမှာ တော်တော်လေးပွန်းသွားသည်။
"တေး၊ရရဲ့လား။ဘာလို့ ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်တာလဲ"
"ကျွန်တော်က သူများတွေကို ရှောင်ပေးရင်း ပြုတ်ကျသွားတာပါ။ကျွန်တော့်ကို မဆူပါနဲ့"
"စင်က ဘယ်လောက်မြင့်လဲဆိုတာ မင်းမသိတာလား!"
"အာ၊တိမ်စိုင်။တေးထက်ကို ကျောင်းဆေးခန်းခေါ်သွားပေးလိုက်လေ။ဆေးထည့်ပေးရဦးမယ်မလား"
YOU ARE READING
Confession
RomanceIs it OK to fall in love with your best friend? Note-This fiction is just my imagination.Thank you. Start date-1/7/2021 End date-31/10/2021