Chapter-46

122 8 0
                                    

Zawgyi

"ကိုယ့်ညီကိုယ် ဂရုစိုက်စမ်းပါ၊ကိုခန့်ရာ"

အိမ်ရောက်ကတည်းက တတွတ်တွတ်စကားပြောရင်း နားပူအောင်လုပ်နေသည့် တေးထက်ကြောင့် ခန့်မင်းစိတ်ရှုပ်စွာဖြင့် ခေါင်းကုတ်မိသည်။တိမ်စိုင့်ဘာသာ နေမကောင်းဖြစ်တာ သူနဲ့ဘာဆိုင်လို့ သူက အဆူခံနေရတာလဲ။စာမေးပွဲနီးနေတာကို သိရဲ့သားနဲ့ နေပူထဲမှာ ဘောလုံးထွက်ကန်တဲ့ တိမ်စိုင့်ကို ဆူသင့်တာ မဟုတ်ဘူးလား။

"ကျွန်တော် ဆန်ပြုတ်ယူလာယ်။ပန်းကန်ထဲ သွားထည့်ပေးပါဦး။မြန်မြန်လုပ်နော်"

"ဟမ်၊ဟုတ်ပြီ"

ခန့်မင်းတစ်ယောက် ခေါင်းညိမ့်ကာ အခန်းထဲက ထွက်သွားတော့မှ တေးထက်လည်း တိမ်စိုင့်ကို ရေပတ်ဆက်တိုက်ပေးနေလိုက်သည်။နေမကောင်းတာကြောင့် အားမရှိသလိုဖြစ်နေသည့်ပုံစံကိုကြည့်ပြီး တေးထက် သက်ပြင်းချမိသည်မှာ ခဏခဏပင်။

"စာမေးပွဲနီးနေပြီကို ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်လေဗျာ"

"ငါလည်း ဖျားမယ်မှန်း ဘယ်သိမလဲ။သူ့ဘာသာသူ ဖြစ်သွားကို။ပြီးတော့ ငါဆန်ပြုတ်မကြိုက်ဘူး"

မျက်နှာကိုမဲ့ရင်းပြောတော့ တေးထက် သဘောတကျရယ်လိုက်သည်။ကိုယံနေမကောင်းဖြစ်တာ တော်တော်လေးရှားပေမယ့် ဖျားပြီဆိုတာနဲ့ အခုလို ကလေးဆန်သည့်အကျင့်က ခဏခဏပေါ်လာတတ်သည်။

"မကြိုက်လည်း နည်းနည်းလောက်ပဲဖြစ်ဖြစ် အစာဝင်မှ နေရတာသက်သာမှာပေါ့။ကျွန်တော် ဖြည်းဖြည်းချင်းခွံ့ကျွေးမယ်လေနော်"

"အင်း"

ဆန်ပြုတ်ထည့်ပြီး အခန်းထဲပြန်ဝင်လာသည့် ခန့်မင်းက ပန်းကန်ကို စားပွဲပေါ်မှာ တင်လိုက်ပြီး အပြင်ကို ပြန်ထွက်သွားတော့သည်။မဟုတ်ရင် တေးထက် သူ့ကိုထပ်ပြီး နားငြီးအောင် လုပ်မလားဆိုတာ မသိနိုင်ဘူးလေ။

ဆန်ပြုတ်မကြိုက်တာကြောင့် ဂျစ်ကျနေသည့် ကိုယံ့ကို ချော့တိုက်နေရသည်ကလည်း အလုပ်တစ်လုပ်ပင်။ကလေးတစ်ယောက်လို အီနေတာကြောင့် ဆူလည်းမဆူရံ။ဒီလိုအချိန်တွေဆို ကိုယံ့စိတ်က တကယ်ကို အထိမခံဖြစ်နေတာလေ။

ConfessionWhere stories live. Discover now