Chapter-35

123 13 0
                                    

Zawgyi

ရင်ခွင်ထဲသို့ တိုးဝင်ကာ သူ့ကို ကပ်ချွဲနေသည့် သူရိန့်ကြောင့် တေးထက်သက်ပြင်းချလိုက်မိသည်။အဖြေပေးပြီးကတည်းက ထိုသို့ ကလေးဆန်လွန်းသည့် အပြုအမူများက နေ့တိုင်းလိုလို ပေါ်ပေါက်လာသည်။အမှန်တိုင်းပြောရရင် အဲ့ဒါက သူနှင့် လုံးဝကို မရင်းနှီးပေ။ပြီးတော့ အရင်ကဆို သူက အမြဲတမ်း ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေးနေတတ်တဲ့သူ မဟုတ်လား။

"ဉာဏ်၊ငြိမ်ငြိမ်နေလေ။ငါစာဖတ်နေတာကို တွေ့ရဲ့သားနဲ့"

"သည်းငယ်က ကိုယ့်ကို ဂရုမစိုက်ဘူး"

"မင်းက ကလေးလား၊ဟမ်"

"အင်း၊တေးထက်ရန်ရဲ့ ကလေးလေးလေ"

ပြောလိုက်မှ ပို၍ပင် တိုးဖက်လာသောကြောင့် တေးလည်း ခေါင်းခါလိုက်ပြီး ဖတ်လက်စစာအုပ်ကိုပိတ်ကာ စားပွဲပေါ်သို့ တင်လိုက်သည်။ဆံပင်ကြားထဲ လက်ထည့်၍ ဆွဲဖွပေးတော့ ခေါင်းထောင်လာကာ သူ့ပါးကို လက်ဖြင့် အုပ်ကိုင်လာသည်။

"နမ်းချင်တယ်"

"ချက်ချင်းကြီး ဘာထဖြစ်တာလဲ"

"တစ်ပတ်တစ်ခါပဲ နမ်းခိုင်းတာက အမှန်တိုင်းပြောရရင် မဖြစ်သင့်ဘူးလေ"

"မင်းက အသက်ဘယ်နှစ်နှစ်မို့လို့ အဲ့ဒီအကြောင်းပဲ တွေးနေရတာလဲ၊ပြောပါဦး"

"သည်းငယ်ထက်တော့ လပိုင်းအသက်ကြီးတာပဲလေ၊မဟုတ်ဘူးလား"

"ခဏလေးပဲ နမ်းနော်"

"အင်း၊ကတိ"

သူရိန့်က ခေါင်းတဆတ်ဆတ်ညိမ့်ပြလာတော့ တေးထက်လည်း မျက်လုံးတို့ကို ခပ်ဖွဖွမှိတ်ထားလိုက်သည်။ချက်ချင်းဆိုသလိုပင် သူ့နှုတ်ခမ်းကို ပွတ်ဆွဲလာသည့် လက်ဖျားထိပ်တို့ကြောင့် မျက်ဝန်းတို့က အနည်းငယ်လှုပ်ခတ်သွားသည်။

"သည်းငယ်က အခုကတည်းက စိတ်လှုပ်ရှားနေပြီလား၊ဟမ်။ဒီတိုင်း နမ်းတာလေးပဲကို"

"ဉာဏ်သူရိန်!မနမ်းချင်ရင်လည်း ဖယ်လိုက်တော့"

မျက်မှောင်ကြုံ့၍ ပြောနေသည့် တေးထက်က သူ့ကို စိတ်မရှည်တော့သည့်ပုံပေါက်နေသည်။ခပ်တိုးတိုးရယ်လိုက်ပြီးနောက် စနေတာကို ရပ်လိုက်ပြီး နှုတ်ခမ်းတို့ကို ထိကပ်လိုက်တော့ ပြုံးယောင်သမ်းသွားသည့် နှုတ်ခမ်းပါးတို့ကို မျက်လုံးမှိတ်ထားရင်းနှင့်တောင် ခံစား၍ရသည်။သူရိန့်အပေါ်ထားတဲ့ သူ့ခံစားချက်က ဘယ်လိုမျိုးလဲဆိုတာ ရေရေရာရာမသိပေမယ့် သူနှင့်နမ်းရတာကိုတော့ တေးထက် သဘောကျသည်။

ConfessionWhere stories live. Discover now