Chapter-39

102 8 0
                                    

Zawgyi

တိမ်စိုင်တစ်ယောက် စက်ဘီးရပ်လိုက်သည့်နေရာက တေးထက်၏ အိမ်ရှေ့ပင်ဖြစ်သည်။ခြံတံခါးကို ဖွင့်လိုက်ကာ အိမ်ထဲသို့ ဝင်ဝင်လိုက်ချင်းပင် တွေ့လိုက်ရသည်က ယောက်ျားစီးဖိနပ်တစ်ရံ။တေးထက်စီးနေကျထက် အနည်းငယ်ကြီးနေတာကြောင့် ဉာဏ်သူရိန် ဒီကိုရောက်နေမှန်း သိလိုက်သည်။

ဖိနပ်ကို ခြေထောက်ဖြင့် တွန်းထုတ်လိုက်ပြီးနောက် အပေါ်ထပ်ရှိ တေးထက်အခန်းရှိရာသို့ တက်သွားလိုက်သည်။တံခါးဖွင့်ဖွင့်လိုက်ချင်းပင် စာကြည့်စားပွဲရှေ့မှာထိုင်ကာ မျက်လုံးနှစ်ဖက်ကို ခပ်ဖြည်းဖြည်းနှိပ်နေသည့် ကောင်လေးကို တွေ့ရသည်။သူ့မျက်မှန်ကတော့ စားပွဲပေါ်မှာ တင်လျက်ရှိလို့နေသည်။

ခြေသံဖွဖွဖြင့် တေးထက်ဆီသို့ လျှောက်သွားလိုက်သည်။အနားကိုရောက်မှ လက်နှစ်ဖက်ကို စားပွဲပေါ်တင်လိုက်တော့ တေး၏ကိုယ်က သူ့ရင်ခွင်ထဲတွင် အံဝင်ခွင်ကျဖြစ်လို့။မော့ကြည့်လာသည့် ကောင်လေးက သူ့ကိုမြင်တော့ အံ့ဩသွားပုံရသည်။

သဘောတကျရယ်လိုက်ကာ နှဖူးကို ခပ်ဖွဖွတောက်လိုက်တော့ တေးထက်၏နှုတ်ခမ်းက ချက်ချင်းကုတ်ကျသွားကာ ခေါင်းငုံ့သွားတော့သည်။တိမ်စိုင်လည်း ခါးကိုပြန်မတ်ကာ ဘေးနားကခုံမှာ ဝင်ထိုင်လိုက်သည်။

"ဉာဏ်သူရိန် ရောက်နေတာလား"

"အင်း၊ဒီနေ့ ကျောင်းပိတ်ရက်မို့လို့ စာလာလုပ်တာလေ"

"အခုရော အဲ့ဒီကောင်ဘယ်မှာလဲ"

"ရေဆာလို့ အောက်ထပ်ခဏဆင်းသွားတယ်။သူများကို အဲ့ဒီကောင်ဆိုပြီး မသုံးစမ်းပါနဲ့ဗျာ"

"ဘာဖြစ်လို့လဲကွာ။ယောက်ျားလေးအချင်းချင်း သုံးတာပဲကို"

စားပွဲပေါ်မှာတင်ထားသည့် မျက်မှန်ကို ယူလိုက်ပြီး ဂရုမစိုက်သလို တုံ့ပြန်လိုက်တော့ အကြည့်စူးစူးဖြင့် စိုက်ကြည့်လာတာကြောင့် နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်သည်။တေးရဲ့ အပြုအမူတစ်ခုချင်းစီကိုက သူ့မျက်လုံးထဲမှာ သိပ်ကိုချစ်စရာကောင်းလွန်းနေတယ်။

"မင်းမျက်မှန်က ပါဝါများလိုက်တာ။အမြဲမတပ်ထားဘူးလား"

"တပ်ပါတယ်ဗျာ။အခုက စာလုပ်ပြီးသွားလို့ ခဏချွတ်ထားတာ"

ConfessionWhere stories live. Discover now