Chapter-18

113 15 0
                                    

Zawgyi

ခြံပြင်ရောက်ရောက်ချင်း တေးထက် သူ့ခြေလှမ်းများကို ခဏမျှ ရပ်လိုက်ပြီး ရင်ဘတ်ကို ဖိထားမိသည်။အခုန်လွန်နေသော ရင်ဘတ်က အောက်သို့ ပြေးဆင်းလာရခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။မျက်နှာကလည်း ခပ်ရဲရဲနှင့်ဖြစ်လို့။အသက်ကို မှန်မှန်ရှူရင်း ထိုနေရာမှ အမြန်ထွက်လာမိသည်။ဒီနေရာမှာ သူဆက်မနေချင်တော့။

အိမ်သို့ ပြန်ရောက်ရောက်ချင်း လုပ်မိသည်က တိမ်စိုင့်ဆီသို့ ဖုန်းဆက်ခြင်းဖြစ်သည်။ကိုယံက ကီးချိန်းကိစ္စနှင့် ပတ်သက်ပြီး အတော်လေးစိတ်ဆိုးထားသည်မဟုတ်လား။တစ်ကြိမ်၊နှစ်ကြိမ်...သုံးကြိမ်မြောက်ခေါ်မှ တစ်ဖက်မှ ဖုန်းကိုင်လာသောကြောင့် တေးထက်တစ်ယောက် နှာခေါင်းတစ်ချက်ရှုံ့လိုက်မိသည်။ဘယ်လိုပဲဖြစ်ဖြစ် အခုလောလောဆယ်မှာ သူက ချော့ရမည့်သူဖြစ်သောကြောင့် စိတ်ကို အတတ်နိုင်ဆုံး ဆွဲဆန့်ထားသင့်သည်လေ။

ကိုယံ့ဘက်မှ 'ဟယ်လို' ဟုထူးလာသည့်အသံက အနည်းငယ်မျှ မကျေနပ်မှုများ ရောလျက်နေသောကြောင့် မာသလိုလို ရှိနေသည်။တစ်ချက် ခပ်တိုးတိုးရယ်လိုက်ကာ အသံကို အတတ်နိုင်ဆုံး ငယ်၍ ပြောလိုက်တော့ တစ်ဖက်မှ စိတ်မရှည်သော အသံစူးစူးက ထွက်လာပြန်သည်။

"ရှုပ်ရှုပ်ရှက်ရှက် ဘာဖုန်းဆက်လုပ်တာလဲ။ငါ စာလုပ်နေတယ်"

"အယ်၊အတည်ကြီး စာလုပ်နေတာလား"

"မယုံတာလား။ငါ့ကို နှစ်ဆယ့်လေးနာရီ ပျင်းနေတဲ့လူလို့များ မှတ်နေတာလား"

"ကျွန်တော်ပြောချင်တာ အဲ့ဒီလို အဓိပ္ပာယ်မဟုတ်ပါဘူးဗျာ။ထားပါတော့။ကိုယံ စာလုပ်နေရင်လည်း ကျွန်တော်ပြီးမှပဲ ဖုန်းထပ်ဆက်လိုက်တော့မယ်"

တေးထက်ဘက်မှ ဖုန်းချတော့မလို လုပ်နေသောကြောင့် တိမ်စိုင့်မှာ အလျင်အမြန်တားရသည်။သူက အနည်းငယ် စကားပုလ္လင်ခံလိုက်ရုံပဲ ရှိတာလေ။ဒါကို အဲ့ဒီကောင်လေးက သူပြောသမျှကို အကုန်လုံး အမှန်ထင်နေတာကလည်း ပြဿနာထဲက တစ်ခုပဲ။

"ဟာ၊ဟေ့ကောင်လေး။အချိန်မဆွဲနဲ့စမ်း။ပြောစရာရှိတာ အခုချက်ချင်းပြော"

ConfessionWhere stories live. Discover now