Chapter-31

118 11 0
                                    

Zawgyi

တိမ်စိုင်နှင့်တေးထက်တို့ ရောက်နေသည့် နေရာက supermarket တစ်ခုမှာ ဖြစ်သည်။သူတို့နှစ်ယောက်တည်းတော့ မဟုတ်၊ခန့်မင်းနှင့် သူ့သူငယ်ချင်းတစ်ယောပ်လည်း ပါသည်။အကြောင်းကတော့ ဒီနေ့က New Year ည ဖြစ်သည့်အတွက် အိမ်တွင် ဘူအနည်းစုနှင့် party ကျင်းပရန် လိုအပ်သည်များကို လာဝယ်ခြင်းဖြစ်သည်။

ခန့်မင်းတို့နှစ်ယောက်ကတော့ ဟိုဝယ်လိုက်၊ဒီဝယ်လိုက်နှင့် အလုပ်ရှုပ်နေကြသည်။တိမ်စိုင်ကတော့ တေးထက် လက်ကို ဆွဲရင်း နေရာစုံကို လျှောက်သွားနေသည်။မျက်နှာကလည်း ပြုံးလို့။ပိတ်ရက်တွေမှာ ဒီလို အပြင်ထွက်ရတာကို သူသိပ်သ​ဘောကျသည်လေ။

"ကိုယံ၊ခဏရပ်ဦး"

"ဘာလဲကွာ"

"လမ်းကို ဖြည်းဖြည်းလျှောက်လေဗျာ။ဘယ်လိုဖြစ်လို့ အဲ့ဒီလောက် မြန်နေရတာတုန်း"

"ငါလျှောက်နေတာက ပုံမှန်ပါပဲ။မင်းဘာသာမင်း မှီအောင် မလိုက်နိုင်ဘဲနဲ့"

"အဲ့ဒီလိုပေါ့။ရတယ်လေ။ခင်ဗျားကို မခေါ်တော့ဘူး။လက်ကိုလွှတ်တော့"

ချက်ချင်းဆိုသလိုပင် သူ့လက်ကို အတင်းဆွဲဖယ်နေသော တေးထက်ကြောင့် တိမ်စိုင် နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်သည်။မလွှတ်ပေးဘဲနှင့် ဆုပ်ကိုင်ထားသော လက်ကို ပိုမိုတင်းကြပ်စေလိုက်တော့ အကြည့်စူးစူးတစ်ချက်က သူ့ဆီသို့ ချက်ချင်းဆိုသလိုပင် ရောက်ရှိလာတော့သည်။ထိုပုံစံက ရန်လိုနေသော ခွေးပေါက်စလေးနှင့်ပင် အတော်လေး ဆင်တူနေသည်။

"ဆိုးလိုက်တာ၊တေးရာ။မင်းက ကလေးလား"

"မဟုတ်ဘူး!"

"အင်း၊ဒါဆို ငြိမ်ငြိမ်လေးနေပြီး လိုက်လာပေး။ငါလည်း လမ်းကို ဖြည်းဖြည်းလျှောက်ပေးမယ်"

"ပြီးရော။ခုနကတည်းက အဲ့ဒီလို ပြောလိုက်ရင် ဘာမှ ပြဿနာတက်စရာအကြောင်း ရှိမနေဘူး"

"သိတယ်လေ။ဒါပေမဲ့ မင်း စိတ်ဆိုးတဲ့ပုံကို မြင်ရတာလည်း ငါ့အတွက် တစ်မျိုးပျော်စရာကောင်းနေလို့"

"တိမ်စိုင်ယံက လုံးဝကို အကျင့်မကောင်းတဲ့ကောင်ပဲ"

"အင်း၊အရင်ကတည်းကပဲလေ။အခုမှ သိတာလား။တုံးလိုက်တာ"

ConfessionWhere stories live. Discover now