Chapter-22

114 14 0
                                    

Zawgyi

ကျောင်းတက်ပြီး နှစ်လယ်လောက်ရောက်တော့ သူတို့လည်း ပထမနှစ်ဝက်ဖြေရမည့် အချိန်နှင့် တဖြည်းဖြည်းနီးကပ်လာလေသည်။ဆရာတွေကလည်း စာသင်တာထက် revision ပြန်သည့်ဘက်ကို ပိုသည့်အားစိုက်လာကြသည်။သူတို့အချိန်တွင် သင်ခန်းစာအသစ်တွေကို သင်မည့်အစား ကျောင်းသားများ မရသည်ကို မေးနိုင်ရန် သီးသန့်အချိန်ပေးသောကြောင့် အကုန်လုံးအတွက် အဆင်ပြေသည်ဟု ပြောရမည်။

မြန်မာစာအချိန်ဖြစ်သောကြောင့် ဆရာမက သူတို့ကို သင်ပြီးသား ကဗျာ၏ အဓိပ္ပာယ်ကို တစ်ဖန်နားလည်အောင် ပြန်လည်ရှင်းပြနေသည်။၏၊သည်မရွေးကျက်ခိုင်းသည့်အစား ကဗျာ၏ အဓိပ္ပာယ်ကို နားလည်အောင် ရှင်းပြပြီး ကိုယ့်စကားနှင့်ကိုယ်ရေးခိုင်းလေ့ရှိသည့်အတွက် အခုအချိန်က ထင်သလောက်ပျင်းဖို့မကောင်းပေ။

တစ်နာရီလောက် ရှင်းပြပြီးနောက် ဆရာမက ဖတ်စာအုပ်ကို ပိတ်ကာ စားပွဲပေါ်သို့ တင်လိုက်ရင်း သူတို့ကို ကြည့်လာသည်။တစ်ခန်းလုံးကတော့ ခုနကအတိုင်း တိတ်ဆိတ်၍နေဆဲပင်။

"ဒီလောက်ဆို ရှင်းပြတာ အကုန်နားလည်ပြီ မဟုတ်လား"

"ဟုတ်!"

ကျောင်းသားအားလုံးဆီမှ အသံကျယ်ကျယ်က တစ်ပြိုင်နက်တည်း ညီညီညာညာပေါ်ထွက်လာသောကြောင့် ဆရာမက ကျေနပ်သလိုပြုံးရင်း ဖြည်းညှင်းစွာဖြင့် ခေါင်းကိုညိမ့်လိုက်သည်။ထို့နောက် ဆရာမက စားပွဲပေါ်တွင် ရှိနေသော ဖတ်စာအုပ်ကို ပြန်ကိုင်လိုက်ရင်း ကျောင်းသားများကို တစ်ဖန်ပြန်ကြည့်လာသည်။

"ဆရာမအချိန်က တစ်နာရီလောက် ကျန်သေးတယ်ဆိုတော့ ကိုယ့်ဘာသာကိုယ် စာကြည့်စရာရှိတာ ကြည့်ထားလိုက်။အပြင်နားက စားပွဲခုံမှာ ထိုင်နေမှာမို့လို့ နားမလည်တာရှိရင် အပြင်ထွက်ပြီး လာမေးလို့ရတယ်နော်"

မှာစရာရှိတာ မှာပြီးနောက် ဆရာမလည်း အခန်းထဲမှ ထွက်သွားတော့သည်။ထွက်သွားပြီး ငါးမိနစ်ပင်မကြာ၊တိတ်ဆိတ်နေသော စာသင်ခန်းက စကားပြောသံတွေနှင့် အနည်းငယ်ဆူညံလာသည်။ဆရာမထွက်သွားမှတော့ စာဆက်လုပ်ပြီး ဘာလို့ အချိန်ကုန်ခံနေမှာလဲ။စာက ဘယ်အချိန်လုပ်လုပ် ရနေတာပဲမဟုတ်လား။

ConfessionWhere stories live. Discover now