Chapter-6

194 20 0
                                    

Zawgyi

"ကိုယံက ကိုခန့်ကို အရမ်းစတာပဲဗျာ။ဟိုက ပိုက်ဆံနဲ့ပတ်သက်ရင် အထိမခံတာ သိရဲ့သားနဲ့"

သူ့အိပ်ရာပေါ်မှာ ဝင်လှဲရင်း ပြောလာသော တေးထက်၏ စကားကြောင့် တိမ်စိုင် သူ့ဘက်သို့ မျက်မှောင်ကြုံ့ကြည့်လိုက်မိသည်။ဘေးနားမှာ ဆူပုတ်ပုတ်နှင့် ဝင်လှဲလိုက်ပြီးနောက် ခြေထောက်နှင့် သူ့ကို ဆောင့်ကန်လိုက်တော့ ကုတင်ပေါ်က ပြုတ်ကျလုနီးနီးပင်။

"ဟာ၊ဘယ်လိုဖြစ်နေလဲ။ပြုတ်ကျမယ်လေဗျာ"

"ပြုတ်ကျလည်း ခံပေါ့။မင်းက ငါ့ဘက်မှာမှ မပါတာ။ဘာလို့ ကိုကြီးဘက်ပါတဲ့ စကားတွေပြောနေတာလဲ။ကျစ်၊မကြိုက်ပါဘူးဆိုမှ"

"ကျွန်တော်ပြောတဲ့ထဲမှာ သူ့ဘက်ပါတဲ့ စကားလည်း တစ်ခွန်းမှ မပါပါဘူးဗျာ"

"လျှောက်ပြောနေတယ်။မဟုတ်မှလွဲရော၊မင်းသူ့ကို ကြိတ်သဘောကျနေတာများလား"

တေးထက် သူ့ကို နားမလည်သလိုပုံစံနှင့် တစ်ချက်ကြည့်လိုက်ပြီးမှ ကုတင်ပေါ်တွင် လှိမ့်ကာ တဟားဟားနှင့် တစ်ယောက်တည်း အော်ရယ်နေမိသည်။တစ်ခါတလေကျ သူ ကိုယံ့ရဲ့အတွေးတွေကို လုံးဝကို လိုက်မမှီတော့။တိမ်စိုင်ကတော့ သူ့ဆီမှ ထွက်လာမယ့်အဖြေကို မျှော်ရင်း မျက်မှောင်ကြုံ့ကြည့်လို့။

"ဘာတွေ လျှောက်ပြောနေတာလဲ။ကျွန်တော်က ယောက်ျားချင်း သဘောကျစရာလား၊စဉ်းစားပါဦးဗျာ။သဘောကျချင်းကျ ရင်သားကြီးကြီးနဲ့ မိန်းကလေးတွေကိုပဲ သဘောကျမှာပေါ့"

"တေးထက်ရန်!မင်းက လုံးဝကို မဖြူစင်ဘူးပဲ"

"ကျွန်တော်လည်း သိသင့်သလောက် သိရမယ့် အရွယ်ရောက်နေပြီလေ။အဲ့ဒါက ဖုံးကွယ်ထားစရာအရာမှ မဟုတ်တာ။ကိုယံလည်း ကြိုက်တာပဲမလား"

"အဲ့ဒါကတော့ အဲ့ဒါပေါ့"

"စကားပြောနေတာရပ်ပြီး ဂိမ်းဆော့ကြရအောင်၊ပြောတော့ နောက်ကျနေပြီဆို"

"အာ၊ဟုတ်သား။ငါတို့ စကားများမနေသင့်တော့ဘူး"

အိပ်ရာပေါ်မှာ နှစ်ယောက်သား ထိုင်၍ ဂိမ်းကစားနေကြပြီး ပါးစပ်ကလည်း တတွတ်တွတ်နှင့် သိပ်ကို နားငြီးဖွယ်ကောင်းလွန်းနေသည်။ထိုအချိန်တွင် အခန်းတံခါးဖွင့်သံကို ကြားရသောကြောင့် တေး၏အကြည့်တို့က တံခါးဝနားသို့ ရောက်သွားတော့သညိ။

ConfessionWhere stories live. Discover now