Chapter-41

131 8 0
                                    

Zawgyi

အိမ်ရောက်ကတည်းက စကားတစ်ခွန်းမျှ မပြောဘဲ စာအုပ်တွေကိုသာ လျှောက်လှန်ဖတ်နေသည့် မင်းမြတ်ကြောင့် တေးထက်တစ်ယောက် မစဉ်းစားတတ်စွာဖြင့် ခေါင်းကုတ်လိုက်သည်။ဒီပုံစံက မင်းမြတ်မှ မဟုတ်တာ။အရင်ကဆို စကားများလွန်းတာကြောင့် ငြိမ်ငြိမ်နေဖို့တောင် ပြောရတဲ့သူမလား။

"မင်းမြတ်"

"ဘာလဲ"

"ပြောစရာရှိတယ်ဆို"

"အင်း၊ဟုတ်တယ်"

"ဒါဆိုလည်း ပြောလေ။ဘာတွေ စိတ်ညစ်စရာရှိနေတာလဲ"

ပုခုံးကိုပုတ်ကာ စကားလမ်းကြောင်းစပေးလိုက်တော့ မင်းမြတ်က သူ့ကို မော့ကြည့်လာသည်။မျက်ဝန်းထဲတွင်လည်း ခန့်မှန်းရခက်သည့် အရိပ်အယောင်တချို့က ထင်ဟပ်လို့နေသည်။အတန်ကြာသည်အထိ ငြိမ်နေပြီးမှ ခပ်တိုးတိုးစကားသံကြောင့် သူ့ကို ငုံ့ကြည့်လိုက်သည်။

"တကယ်လို့ မင်းသဘောကျရတဲ့လူတစ်ယောက်က တစ်ခုခုလိမ်ထားမယ်ဆိုရင် မင်းသူ့ကိုခွင့်လွှတ်ပေးမှာလား"

"အဲ့ဒါကတော့ သူ့အပေါ်မှာပဲ မူတည်တာပေါ့။သူမင်းကို လိမ်ခဲ့တာက ခွင့်လွှတ်ပေးနိုင်လောက်တဲ့အရာလားဆိုတာ အရင်စဉ်းစားကြည့်လေ"

"ငါမသိဘူး"

"ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါ့ကို ပြောပြလို့ရပြီလား၊မင်းမြတ်"

ခဏလောက် ပြန်တိတ်ဆိတ်သွားပြီးမှ သက်ပြင်းချသံ ခပ်သဲ့သဲ့က ထွက်ပေါ်လာသည်။မင်းမြတ်ပြောတာကို အာရုံစိုက်ကာ နားထောင်ပေးရင်း မျက်ဝန်းတို့ကို ငေးကြည့်မိတော့ အဲ့ဒီအစ်ကိုကို ဘယ်လောက်တောင် သဘောကျသလဲဆိုတာ မြင်နေရသည်။

"အမြဲတမ်း ယုံကြည်နေရတဲ့သူက ငါ့ကိုမှ လိမ်ရက်တယ်"

"ငါနားလည်တယ်။အဆင်ပြေသွားမှာပါ"

"သူ့ကို စိတ်ဆိုးတာ ငါ့ဘက်က မလွန်ဘူးမလား၊တေးထက်"

"အင်း၊မင်း သူ့ကို စိတ်ဆိုးသင့်တာပေါ့"

"သိပ်ကိုတုံးလွန်းတဲ့ကောင်လေးဆိုပြီး ငါ့အနောက်မှာ ဘယ်လောက်တောင်များ လှောင်ရယ်နေလိုက်ကြမလဲ"

ConfessionWhere stories live. Discover now