Chapter-50||Final||

458 14 0
                                    

Zawgyi

တိမ်စိုင်က တေးထက်၏စကားကိုတော့ တကယ်နားထောင်သည့်ကောင်လေးပင်။အဲ့ဒီနေ့ အဆင်ပြေပြီးကတည်းက သူနှင့်မသိသည့်မိန်းကလေးတွေနှင့် စကားကို မပြောတော့။ကျောင်းတွင် 'မာနကြီးသည့်ကောင်' ဟု တချို့တလေက ခေါ်ဆိုကြပေမယ့် တခြားသူတွေရဲ့ အမြင်ကို နားထောင်နေရတာက စိတ်ရှုပ်စရာကောင်းလွန်းတယ်။ပြီးတော့ ကိုယ့်အကြောင်းကိုယ် ကိုယ့်ထက်ပိုသိချင်ယောင်ဆောင်နေတဲ့လူတွေကို လျစ်လျူရှုလိုက်တာက အကောင်းဆုံးပဲမဟုတ်လား။

တစ်နှစ်ပြီးတစ်နှစ်ဖြတ်သန်းလာပြီးနောက် သူတို့သုံးယောက်လုံး တက္ကသိုလ်နောက်ဆုံးနှစ်ပင် ရောက်တော့မည်ဖြစ်သည်။တစ်ခါတလေ ကတောက်ကဆဖြစ်တာကလွဲလို့ သူတို့သုံးယောက်၏ဆက်ဆံရေးက တခြားသူတွေ အားကျရလောက်သည်အထိ တည်မြဲနေခဲ့သည်။ဒီလိုမျိုး သူငယ်ချင်းကောင်းတွေကို ပိုင်ဆိုင်ရတာကလည်း တကယ်ကို ကံကောင်းတာပဲလေ။

ဒီနေ့ ဆရာကန်တော့ပွဲရှိတာကြောင့် တေးထက်တစ်ယောက် မနက်စောစောထဖြစ်သည်။ကျောင်းကို မသွားဖြစ်တာလည်း ဘယ်လောက်တောင် ကြာနေပြီလဲ။အဝတ်အစားလဲပြီးနောက် မနက်စာစားနေတုန်း ကိုယံ့၏ကားက အိမ်ရှေ့တွင် ရပ်လာသည်။မင်းမြတ်လည်း ပါလာတာကြောင့် အိမ်ထဲသို့ ဝင်လာတာနဲ့ သူ့ရဲ့ ခပ်စူးစူးအသံကို အရင်ဆုံး ကြားရသည်။

"အာ၊ထမင်းကြော်လား။ငါလည်း စားချင်တယ်"

"မရဘူး။ငါတစ်ယောက်တည်းစားဖို့ ကြော်ပေးထားတာ"

"လျှောက်ပြောနေတယ်။အများကြီးရှိတာကို"

"မင်းအိမ်က စားလာတယ်မဟုတ်ဘူးမလား"

"ဟင့်အင်း၊ဒီကောင် အစောကြီးလာခေါ်လို့ မနက်စာတောင် မစားလာရတာကို"

မျက်နှာကိုမဲ့၍ ပြောလာတာကြောင့် မယုံသလို တစ်ချက်ကြည့်ပြီးမှ ခေါင်းညိမ့်ပြလိုက်သည်။ဆယ့်ငါးမိနစ်နီးပါးလောက်အထိ မင်းမြတ် မနက်စာစားနေတာကို ထိုင်စောင့်နေပြီးတော့မှ သုံးယောက်အတူတူ ကျောင်းသို့ ထွက်ခဲ့သည်။မရောက်တာကြာပြီဖြစ်သည့်ကျောင်းက အခုထိ ဘာမှကို မပြောင်းလဲဘဲ အရင်တိုင်းပင်။

ConfessionWhere stories live. Discover now