Chapter-33

109 11 0
                                    

Zawgyi

ဆယ်တန်းတွေ စာမေးပွဲဖြေရမည့်ကာလက အားလုံးအတွက် အလုပ်အရှုပ်ဆုံးအချိန်ဟု ပြောရမည်။တစ်ခါတလေဆို ညလုံးပေါက်အထိ စာကျက်နေရသောကြောင့် တချို့ကျောင်းသားတွေဆို သာမန်ထက်တောင် အိပ်ချိန် လျော့နည်းလာသည်အထိပင်။Guide တွေကလည်း အရေးကြီးတာတွေကို ပို၍ ဖိသင်ပေးလာကြသည်။

မဟော်ကတော့ ကျက်စာဘက်ကို နဂိုထက်ပို၍ အချိန်ပေးကာ အာရုံစိုက်ရသည်။မဟုတ်ရင်တောင် သူက ကျက်စာနှင့် ပတ်သက်လျှင် တော်တော်လေး အားနည်းသည့် အထဲမှာ ပါသည်။စာမေးပွဲဖြေရင် တစ်ခုတည်းမှာ အားသာနေလို့မဖြစ်၊အဖက်ဖက်က ပြည့်စုံနေမှ ရလဒ်ကောင်းကောင်း ထွက်လာမှာ မဟုတ်လား။

ကျောင်းက သူတို့အတွက် private study ချိန်ပေးထားသောကြောင့် ညဆိုလျှင် တစ်နာရီထိုးလောက်အထိ မရပ်မနား စာကျက်နေတတ်ပြီး မနက်ဘက်ဆိုလျှင်တော့ အရေးကြီးတာတွေကို ပို၍ ဖိလုပ်လေ့ရှိသည်။ဒီရက်တွေမှာ သူ့အာရုံကို ပျက်ပြားစေမည့် ဘယ်သူနှင့်မှလည်း အဆက်အသွယ်မလုပ်ဖြစ်။

အချိန်အများစုကို အခန်းတွင်းသာ အောင်းနေဖြစ်ပြီး ညစာစားချိန်ကသာ တစ်ခုတည်းသော ခြွင်းချက်ဖြစ်သည်။အိမ်က အတင်းအကြပ်မစေခိုင်းဘဲ သူကိုယ်တိုင် လုပ်ကိုလုပ်ရမည်ဟု သတ်မှတ်ထားသည့်အရာဖြစ်၍ ဘယ်သူမှလည်း ဘာမှလာပြောခြင်းမရှိကြ။

မြန်မာစာဖြေသည့်နေ့တွင်တော့ သူ့အတွက် အခက်အခဲသိပ်မရှိ။နဂိုကတည်းက လက်ရေးမြန်သည့်သူဖြစ်တာကြောင့်ရော၊အပုဒ်ရှည်တွေဆို ကိုယ့်ဘာသာကိုယ် လက်တန်းရေးလေ့ရှိတာကြောင့်ရော ဖြစ်သည့်အတွက် များများစားစားစဉ်းစားနေစရာမလို။ဒီလိုနှင့် စာမေးပွဲ ပထမနေ့ကို လွယ်လွယ်ကူကူပင် ဖြတ်သန်းခဲ့သည်။

Bio ဖြေရမည့်နေ့ကတော့ တခြားဘာသာတွေနှင့် ယှဉ်လျှင် သူ့အတွက် လွယ်သည့်အထဲမှာ မပါပေ။ထိုဘာသာက အကုန်လုံးနီးပါးကို အလွတ်ရအောင် မှတ်ထားရသည့်အပြင် နည်းနည်းလေးတောင် လွဲသွား၍မရ။ထို့ကြောင့် သူ့အတွက် အတော်လေးဝန်ပိသည်။

စာမေးပွဲခန်းထဲ မဝင်မှီ ကျောင်းပေါက်ဝမှာ ဟိုလျှောက်လိုက်၊ဒီလျှောက်လိုက်နှင့် တစ်ယောက်တည်း အလုပ်ရှုပ်နေသည်။မဟော်က ကိုယ်ပိုင်ကျောင်းမှာ တက်သည့်အတွက် တကယ်တမ်း ဖြေတော့ သူတို့ကို သတ်မှတ်ပေးထားသည့် အစိုးရကျောင်းတွင် လာဖြေရသဖြင့် မရင်းနှီးသည့်လူ တော်တော်များများနှင့် တွေ့ရသည်။သို့ပေမယ့် ပြဿနာတော့မရှိ။အကုန်လုံးက သူ့အာရုံနှင့်သူမို့လို့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ချိန်တောင် မရပေ။

ConfessionWhere stories live. Discover now