Chapter-24

113 12 0
                                    

Zawgyi

"ကိုယံ!စာလုပ်မယ်လို့ ဟိုတစ်နေ့ကပဲ ကတိပေးထားတယ်လေဗျာ။ဖုန်းသုံးနေတာကို ရပ်လိုက်တော့!"

အဆင်ပြေသွားတာ နှစ်ရက်ပင် မပြည့်သေး၊ထုံးစံအတိုင်း တိမ်စိုင့်၏ အကျင့်ဟာ အရင်အတိုင်းပင် ချက်ချင်းပြန်ပြောင်းသွားသောကြောင့် တေးထက်တစ်ယောက် စိတ်ညစ်ချင်လာသည်။အိမ်ကိုလာကတည်းက စာခဏသာ လုပ်ပြီး ဖုန်းကိုသာ တစိုက်မတ်မတ်ကြည့်နေသော ကိုယံ့ပုံစံက ဘာတွေ အဲ့ဒီလောက် စိတ်ဝင်စားစရာရှိနေလဲ သူတကယ်ကို နားမလည်နိုင်တော့။

မနက်ဖြန် Bio ဖြေပြီးလျှင် နှစ်ဝက်စာမေးပွဲက ပြီးပြီဖြစ်သောကြောင့် တိမ်စိုင်တစ်ယောက် စိတ်အေးပုံရှိနေသော်လည်း တေးထက်ကတော့ သူနှင့်ဆန့်ကျင်ဘက်။စာမေးပွဲရှိသောရက်တိုင်းက သူ့အတွက်တော့ တကယ့်ကို ဖိအားများလွန်းသည်။

"စာမလုပ်ရင်လည်း ပြန်တော့ဗျာ။ကျွန်တော့်ဘာသာကျွန်တော်ပဲ စာလုပ်တော့မယ်။စိတ်ရှုပ်လာပြီ"

မျက်နှာကိုမဲ့ရင်း တစ်ဖက်ကို လှည့်လိုက်တော့မှ တိမ်စိုင်က ဖုန်းသုံးနေတာကို ရပ်ပြီး သူ့ကို မော့ကြည့်လာရှာသည်။တကယ်ပင် စိတ်ဆိုးပုံပေါက်နေသောကြောင့် ဖုန်းကို အမြန်ပိတ်လိုက်ပြီး တေးထက်ဘေးနားက ခုံမှာ ပြေး၍ ဝင်ထိုင်လိုက်သည်။

"အာ၊စိတ်မဆိုးနဲ့လေ။အတည်စာလုပ်ကြမယ်။တကယ် ငါ ဖုန်းမသုံးတော့ဘူး"

"ဘာတွေ အဲ့ဒီလောက် စိတ်ဝင်စားစရာရှိနေတာလဲ"

"စာမေးပွဲပြီးတဲ့နေ့ကျရင် မင်းမြတ်နဲ့ ဂိမ်းဆိုင်သွားမလို့။အဲ့ဒီအကြောင်းပြောနေတာ"

"ကိုယံတို့ နှစ်ယောက်က အတူတူတွေကြီးပဲ။တစ်နေ့မှာ အနည်းဆုံးတစ်ခါလောက် ဂိမ်းအကြောင်းမပြောရရင် မနေနိုင်ဘူးနော်"

မျက်မှောင်ကြုံ့လျက် လေသံတိုးတိုးဖြင့် ပြောနေသော တေးထက်၏ ပုံစံက ရန်ရှာချင်နေသော အကောင်ပေါက်လေးလိုပင်။တိမ်စိုင် အသံထွက်သည်အထိ ရယ်ချလိုက်ပြီးနောက် နှဖူးကို ခပ်ဖွဖွတောက်ဖို့လုပ်တော့ ခေါင်းကို ရှောင်ကာ အောက်ငုံ့သွားသည်။

ConfessionWhere stories live. Discover now