Chapter-32

115 8 0
                                    

Zawgyi

စာသင်နှစ်တစ်နှစ် ပြီးခါနီးပြီဖြစ်သောကြောင့် သင်စရာဟူ၍လည်း သိပ်မရှိတော့။ကျောင်းလာပြီဆိုလျှင် အရင်စာတွေကို ပြန်ကျက်ခိုင်းနေတာက များသည်။ဆယ်တန်းတွေဘက်ကိုတော့ ဆရာ၊ဆရာမတွေက အရေးကြီးတာတွေကိုသာ ပြန်ဖိသင်ပေးနေသည်။

ဒီတစ်လအတွင်းမှာ တိမ်စိုင်တစ်ယောက် စိတ်ထင်၍ပဲလားမသိ၊သူနှင့် တေးထက်က သာမန်ထက်ပို၍ အနည်းငယ်ဝေးသွားသလိုပင်။အတိအကျပြောရလျှင် New Year ညပြီးသွားကတည်းက ဖြစ်သည်။အဲ့ဒီနေ့ညက သူတော်တော်လေး မူးနေသောကြောင့် မနက်ရောက်တော့ ဘာမှကို မမှတ်မိတော့။

အရင်ကဆို အမြဲတမ်းလိုလို နှစ်ယောက်သား စကားပြောဖြစ်သော်လည်း အခုတလောတွင် တေးက သူနှင့် မျက်နှာချင်းဆိုင်မိလျှင်တောင်မှ မသိချင်ယောင်ဆောင်းသွားတတ်သည်။ပိတ်ရက်တွေဆိုလည်း အိမ်ကို လာလည်တာ အတော်လေး ရှားသွားသည်။အဲ့ဒါရဲ့ အဓိကအကြောင်းပြချက်က ဘာလဲဆိုတာ သူမသိ။အမှားလုပ်မိလားလို့ စဉ်းစားပေမယ့်လည်း အငြင်းစကားလုံးသာ ထွက်လာသောကြောင့် သူ့မှာ စိတ်ရှုပ်ရတာ အခါခါပင်။

ကြားထဲတွင် ရွှန်းလဲ့နှင့် ဆက်သွယ်ဖို့ စဉ်းစားမိပေမယ့် အခုလက်ရှိ သူ(မ)က သူ(မ)ကောင်လေးအသစ်နှင့် တော်တော်အဆင်ပြေနေပုံရသည်။ချစ်နေဆဲဖြစ်သော်လည်း ပိုင်ရှင်ရှိတဲ့သူကို ပြန်လိုက်ဖို့ ကြိုးစားတာက အကုန်လုံးအတွက် ဘာကောင်းကျိုးမှ မရှိဘူးလေ။

ထိုအခြေအနေအတွက် အဖြစ်သင့်ဆုံးကတော့ လက်လွှတ်ဖို့ ကြိုးစားကြည့်ရမည်။သူ(မ)က တိမ်စိုင့်ရဲ့ အချစ်ဦးဖြစ်သောကြောင့် မေ့ပစ်ဖို့ဆိုတာ ထင်ထားတာထက် ပိုခက်ခဲသည်။ဒါပေမဲ့ ဒီနည်းလမ်းက လွဲပြီး ဘာများ ထပ်ရှိနိုင်ဦးမှာ မို့လို့လဲ။

နေ့တစ်နေ့ရဲ့ အစမှာ တေးထက်က သူ့ကို စကားပြောကြရအောင်ဟု ပြောလာသောကြောင့် တိမ်စိုင်လည်း အမြန်ပင် လက်ခံလိုက်သည်။ခြံထဲက ဒန်းပေါ်မှာ ထိုင်နေရင်း ခြေထောက်ဖြင့် အားပြုကာ လွှဲနေသော တေး၏ ဘေးတွင်တော့ တိမ်စိုင်က မတ်တပ်ရပ်ကာ သူ့ကို တိတ်တိတ်လေး ငေးကြည့်နေသည်။

ConfessionWhere stories live. Discover now