Chapter-16

135 12 0
                                    

Zawgyi

ဆရာမအခန်းထဲ ဝင်လာသည်နှင့်တစ်ပြိုင်နက် တစ်ခန်းလုံးက တိတ်ဆိတ်သွားသည်။လူနေရာခွဲထိုင်ထားရသောကြောင့် တစ်နေရာနှင့် တစ်နေရာတွင် ခပ်ကျဲကျဲဖြစ်လို့နေသည်။တိမ်စိုင်ကတော့ ထုံးစံအတိုင်း တေးထက်၏ အနီးဆုံးမှာ ထိုင်လို့ပေါ့။

ဖြေဆိုရမည့် အချိန်ကိုရောက်တော့ ဆရာမက မေးခွန်းစာရွက်နှင့် ဖြေရမည့်စာရွက်ကို ကျောင်းသားတစ်ယောက်ချင်းစီကို လိုက်ဝေပေးသည်။တစ်နာရီခွဲဟူသော အချိန်က မေးခွန်းအားလုံးကို ဖြေဆိုရန် သိပ်ကို လုံလောက်သည့်အချိန်ပင်။

အရှေ့ဆုံးမှာ မတ်တပ်ရပ်ရင်း ကျောင်းသားများကို မျက်လုံးမှေးစင်း၍ ကြည့်နေမိသည်။အကုန်လုံးကလည်း စာထဲတွင် စိတ်ပါဝင်စားစွာဖြေဆိုနေကြသည်။တိမ်စိုင်က လက်ရေးမြန်သည့်အပြင် အင်္ဂလိပ်စာက ဖြေဆိုရန် အချိန်သိပ်မယူသောကြောင့် ခဏလေးအတွင်းမှာပင် ပြီးစီးသွားတော့သည်။

ခြေထောက်ကို တလှုပ်လှုပ်နှင့် ဆော့ကစားနေရင်း တခြားသူတွေကိုသာ လိုက်ကြည့်နေလိုက်သည်။သူများတွေထက် အရင်စောပြီးသွားတာကလည်း အနည်းငယ်မျှတော့ ပျင်းစရာကောင်းလှသည်။

လူခြား၍ ထိုင်နေရသောကြောင့် တေးက သူ့အရှေ့တွင် ရောက်နေသည်။အရှေ့နှင့်အနောက်ဆိုလျှင် သိပ်မဝေးသောကြောင့် သူညစ်ကျယ်ကျယ်တစ်ချက်ပြုံးရင်း ဘောပင်ကို ကောက်ကိုင်ကာ လှည့်နေလိုက်သည်။

ခပ်သေးသေးမြင်နေရသော ကျောပြင်လေးက အနောက်က သိုင်းဖက်လိုင်ရုံနှင့်တင် သူ့ရင်ခွင်နှင့် အံဝင်ခွင်ကျ ဖြစ်သွားလောက်သည်။တစ်ယောက်တည်း အတွေးလွန်ကာ သူ့အတွေးသူ သဘောကျနေသောကြောင့် ခပ်တိုးတိုးရယ်လိုက်မိသေးသည်။

ခြေထောက်ကို တို့ထိတို့ထိလာလုပ်တာကို ခံစားလိုက်ရသောကြောင့် အောက်သို့ ငုံ့ကြည့်လိုက်တော့ ကိုယံ့၏ ခြေထောက်။ခေါင်းကို အနောက်သို့ ငဲ့ကြည့်လိုက်ကာ မလုပ်ဖို့ ခေါင်းခါပြတော ပို၍ပင် ခြေထောက်ကို ပွတ်သက်လာသောကြောင့် လေပူတစ်ချက်မှုတ်ထုတ်ရင်း အရှေ့သို့သာ ပြန်လှည့်လိုက်သည်။ကိုယံက အလကားသက်သက်နေရင်း သူ့ကို အနှောင့်အယှက်လာပေးနေတာပဲ။

ConfessionWhere stories live. Discover now