Chapter-43

128 7 0
                                    

Zawgyi

အနီးအနားက ဆိုင်တစ်ဆိုင်မှာ နှစ်ယောက်အတူတူထိုင်နေကြသည်။မင်းမြတ်ကတော့ အစ်ကိုရှင်းပြတာတွေကို နားထောင်ရင်း နှုတ်ခမ်းကို ဖိကိုက်မိသည်။မယုံသလိုကြည့်မိတော့ သူ့ကို စိုက်ကြည့်နေသည့် မျက်ဝန်းတို့နှင့် ဆုံတာကြောင့် မျက်နှာလွှဲလိုက်မိသည်။ဒီလိုပုံစံနဲ့ လာကြည့်နေရင် သူက ဘယ်လိုဆက်ပြီး စိတ်ဆိုးရတော့မှာလဲ။

"ကိုယ် မင်းကို တကယ်သဘောကျတာပါ"

"ဟုတ်လား။ဒါဆိုရင် အဲ့ဒီနေ့က စကားတွေကရော"

"ကိုယ့်စိတ်ကိုယ် မသိခဲ့လို့ပါ။ဒီလိုခံစားချက်ကို မင်းနဲ့မှ စပြီးခံစားဖူးတာမို့လို့ ကိုယ်မရေမရာဖြစ်ခဲ့တာပါ"

"အဲ့ဒီတော့ ကျွန်တော်က ဘာလုပ်ပေးရမှာလဲ"

"ဘာမှ လုပ်ပေးစရာမလိုပါဘူး။ဒီတိုင်း သိနေပေးရင်ပဲ ကိုယ်ကျေနပ်ပါတယ်။ပြီးတော့ ကိုယ့်ကို ဆက်ပြီး စိတ်မဆိုးပါနဲ့တော့"

"ကျွန်တော့်ကိစ္စပါ။ခင်ဗျား လိုက်ပြီး အမိန့်ပေးနေစရာ မလိုပါဘူး"

မျက်မှောင်ကြုံ့၍ ပြောလိုက်တော့ မဟော်က သူ့ကို တစ်ချက်ကြည့်ကာ ခေါင်းငုံ့သွားသည်။ဆက်ကြည့်နေရင် ချက်ချင်းစိတ်ဆိုးပြေတော့မှာမို့လို့ နှာခေါင်းရှုံ့၍ မတ်တပ်ရပ်လိုက်သည်။

"ကိုယ်လိုက်ပို့ပေးမယ်လေ"

"မလိုပါဘူး။ကျွန်တော့်ဘာသာအိမ်ပြန်တတ်တယ်"

ပြောစရာရှိတာ ပြောရင်း ဆိုင်ထဲမှ ထွက်လာလိုက်တော့ အုံ့မှိုင်းနေသည့်ကောင်းကင်နှင့် တပေါက်ပေါက်ကျလာသည့် မိုးရေစက်တို့နှင့် တွေ့သည်။မိုးရာသီလည်း မဟုတ်တော့ဘဲနဲ့ အချိန်မဟုတ်၊အခါမှမဟုတ် မိုးရွာစရာလား!

စိတ်ထဲတွင် မကျေမနပ်ငြီးတွားလိုက်ပြီးနောက် ဆံပင်ကို ဆွဲဖွလိုက်သည်။ဘယ်လိုအိမ်ပြန်ရမလဲဆိုတာ စဉ်းစားနေစဉ် ပုခုံးကို ဆွဲဖက်လာသည့် လက်တစ်စုံကြောင့် တစ်ချက်ကြောက်သွားကာ မော့ကြည့်လိုက်သည်။

"ဘာလာလုပ်ပြန်ပြီလဲ"

"အိမ်ပြန်လိုက်ပို့ပေးမလို့လေ။မိုးရွာနေတာကို ဒီတိုင်းပြန်လို့မှ မရတာ"

ConfessionWhere stories live. Discover now