Chapter-21

121 15 2
                                    

Zawgyi

တစ်လဟူသော အချိန်က လူတစ်ယောက်ကို မေ့ဖို့အတွက် အတော်အသင့်မျှ လုံလောက်သည့်ကာလဟု ဆို၍ရသော်ငြား မင်းမြတ်အတွက်တော့ ထိုကဲ့သို့ မဟုတ်။အစ်ကို့ကို နှင်ထုတ်ပြီး အဝေးသို့ တွန်းပို့ခဲ့တာက သူကိုယ်တိုင်ဆိုသော်လည်း မတွေ့ရတော့လည်း တစ်ခုခုလိုနေသလို ခံစားရသည်။

အစ်ကိုကလည်း သူ့ကတိသူ အတည်လွန်ပြီး ရွဲ့နေသလားဟုပင် တွေးမိသည်အထိ ကျောင်းမှာ မတော်တဆ မျက်နှာချင်းဆိုင်မိလျှင်တောင် မမြင်ချင်ယောင်ဆောင်ပြီး ရှောင်ထွက်သွားတတ်သည်။အမြဲတမ်း ဂရုစိုက်တာကိုသာ ခံလာရသည့်သူ့အတွက် အခုအခြေအနေက လုံးဝကို စိမ်းသက်သက်။

"မင်းမြတ်!ဟာ၊ဟေ့ကောင်။ဘာတွေ စဉ်းစားနေတာလဲ။ကျစ်၊ရှုံးပြီ"

ဘေးနားက သူ့သူငယ်ချင်း၏ ငြီးတွားသံကို ကြားတော့မှ ချက်ချင်းအသိပြန်ဝင်လာကာ ဘေးဘီကို လှည့်ကြည့်မိသည်။ဂိမ်းဆိုင်ရောက်နေတာကို သတိရတော့မှ အလန့်တကြားဖြင့် ပြန်အာရုံစိုက်မည်လုပ်တော့ ရှုံးသွားပြီဖြစ်သောကြောင့် သူလည်း စိတ်ရှုပ်စွာဖြင့် ခုံကို မှီလိုက်သည်။ဘေးနားတွင်တော့ အေးစက်စက်ဖြစ်နေပြီဖြစ်သော ခေါက်ဆွဲပြုတ် တစ်ပန်းကန်။

"ဘာဖြစ်နေတာလဲ၊မင်းမြတ်။မင်းအခုရက်ပိုင်း နည်းနည်းထူးဆန်းနေသလိုပဲ"

"ငါက ဘာတွေ ပြောင်းလဲနေလို့လဲ၊ပြောပါဦး"

"မင်းက အရင်ကဆို နှစ်ဆယ့်လေးနာရီ တက်ကြွနေတာလေ။အခုကျတော့ မှိုင်တွေနေလိုက်တာမှ လူစားထိုးခံထားရတာလားလို့တောင် သံသယဝင်မိတဲ့အထိပဲ"

မကျေမနပ်စကားသံကို ကြားမိတော့ သူသဘောတကျ အော်ရယ်လိုက်မိသည်။အဲ့ဒီကောင် ပြောလည်း ပြောချင်စရာပဲ။သူကိုယ်တိုင်ကိုက ဒီရက်ပိုင်း ဘာလုပ်လုပ် စိတ်မပါ။ဘာမှလည်း လုပ်ချင်စိတ်မရှိ။အဲ့ဒီအတွက် အကြောင်းပြချက်ကို ပြပါဆိုလျှင် အစ်ကို့ကိုပဲ လက်ညိုးထိုးပြရလေမလား။

"နောက်တစ်ပွဲလောက် ထပ်ဆော့မလား"

"ဟင့်အင်း၊စိတ်မပါတော့ဘူး။ငါပြန်တော့မယ်"

ConfessionWhere stories live. Discover now