Zawgyi
သီတင်းကျွတ်ကျောင်းပိတ်ရက် ဆယ်ရက်သည် တခြားကျောင်းသားတွေအတွက်တော့ အားလပ်ရက်ဖြစ်သော်လည်း ဆယ်တန်းကျောင်းသားတွေအတွက်ကတော့ ထိုကဲ့သို့ မဟုတ်ချေ။တက္ကသိုလ်ဝင်တန်းစာမေးပွဲက အရေးကြီးသည်ဖြစ်သောကြောင့် ပထမနှစ်ဝက် စာမေးပွဲပြီးပြီးချင်း တစ်ရက်သာ နားခိုင်းပြီး ကျန်သည့်ရက်များတွင် ကျူရှင်ပြန်သင်ရသည်။
ဒီနေ့အတွက် စာသင်ချိန်က ညနေပိုင်းမှ ဖြစ်သောကြောင့် မဟော်တစ်ယောက် လေးနာရီလောက်မှ အိမ်မှ ထွက်လာခဲ့သည်။ဟိုကိုရောက်တော့ အချိန်အားဖြင့် လေးနာရီဆယ့်ငါးမိနစ်။အတော်များများလည်း ရောက်နေကြပြီဖြစ်သောကြောင့် သူလည်း နေရာလွတ်တစ်နေရာရှာလိုက်ကာ အမြန်ဝင်ထိုင်လိုက်သည်။
ထိုင်ပြီး ခဏအကြာမှာပင် ဆရာမက ဝင်လာကာ white board ကို ကြိမ်လုံးဖြင့် ရိုက်လိုက်သောကြောင့် စကားသံများက ချက်ချင်းဆိုသလိုပင် တိတ်ကျသွားသည်။အကုန်လုံး ငြိမ်သွားတော့မှ စားပွဲပေါ်ရှိ ဖတ်စာအုပ်ကို ယူလိုက်ပြီး စာစသင်တော့သည်။
တစ်နာရီခွဲနီးပါးလောက် စာသင်ပြီးနောက် ဆရာမက နားချိန် ငါးမိနစ်ပေးသည်ဟု ပြောကာ အပြင်ဘက်သို့ ခဏထွက်သွားသည်။ဆရာမထွက်သွားပြီး စက္ကန့်ပိုင်းပင်မကြာလိုက်၊မဟော့်သူငယ်ချင်းထဲမှ စပ်ဖြီးဖြီးနှင့် အနောက်သို့ လှည့်လာသောကြောင့် သူမျက်မှောင်ကြုံ့၍ မေးဆတ်ပြလိုက်သည်။အရင်ကတည်းက ပေါင်းလာတာမို့လို့ ဒီလိုအပြုအမူက သူတစ်ခုခုပြောချင်နေသည်ဆိုတာကို ဖော်ပြနေသည်ဆိုတာ မြင်ရုံနှင့် သိသာနေသည်လေ။
"ဘာလဲ။မျက်နှာကိုက မတည်မငြိမ်နဲ့"
"မင်းနဲ့ ဟိုကောင်လေးရဲ့ အခြေအနေက ဘယ်လိုရှိလဲ"
"ပုံမှန်ပါပဲ။ဘာမှ ဆက်မဖြစ်ဘူး"
တည်တည်ငြိမ်ငြိမ်လေသံနှင့် ပြောလာသော မဟော့်ကို သူ့သူငယ်ချင်းက မကျေမနပ်စိုက်ကြည့်သည်။သို့သော် မဟော်တစ်ယောက်ကတော့ ဘာကိုမှ ဂရုမစိုက်၊ဘောပင်ကိုသာ ဆက်တိုက်လှည့်လို့နေသည်။
"တကယ်ကြီး အဲ့ဒီကောင်လေးကို စိတ်မဝင်စားတာလား"
"မင်းတို့အပူပါလား"
YOU ARE READING
Confession
RomanceIs it OK to fall in love with your best friend? Note-This fiction is just my imagination.Thank you. Start date-1/7/2021 End date-31/10/2021