Chapter-15

126 15 0
                                    

Zawgyi

မဟော်တစ်ယောက် မင်းမြတ်ကို ခေါ်သွားသည့်နေရာက ကျောင်းနားက mini mart ဆိုင် တစ်ဆိုင်ရှေ့သို့ ဖြစ်သည်။လက်ကို တင်းတင်းဆုပ်ကိုင်ထားသောကြောင့် သူ့လက်ကောက်ဝတ်ပင် နီရဲစပြုနေသည်။လက်ကို အတင်းရုန်းထွက်မိပြန်တော့လည်း ပို၍ပင် တင်းကြပ်စွာ ဆုပ်ကိုင်လာသည်မို့ လက်လျှော့လိုက်ရင်း အသာတကြည် လိုက်သွားလိုက်ရတော့သည်။

ထို mini mart ဆိုင်ရှေ့က ကျောင်းရှေ့မှာထက်စာလျှင် လူသွားလူလာပိုနည်းသည်။မဟော် သူ့ခြေလှမ်းများကို ရပ်တန့်လိုက်ပြီးနောက် မင်းမြတ်ဘက်သို့ လှည့်ကြည့်လိုက်သည်။နီရဲနေသော လက်ကောက်ဝတ်ဆီသို့ အကြည့်ရောက်သွားတော့ တစ်ချက်မျှ လန့်သွားပြီး သူ့လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်သည်။

"နာသွားလား။ကိုယ် အဲ့ဒီလောက် ဆွဲထားမိမှန်း သတိမထားလိုက်မိဘူး"

"ကိစ္စမရှိပါဘူး။ကျွန်တော် အဆင်ပြေပါတယ်။အစ်ကိုသာ ပြောစရာရှိတာပြောလေ"

လက်ကို အမြန်ရုန်းထွက်ရင်း မေးမိလေတော့ သက်ပြင်းချသံတိုးတိုးနှင့်အတူ မျက်လုံးဝိုင်းများဖြင့် သူ့ကို မော့ကြည့်လာသောအစ်ကို့ကြောင့် သူ့မျက်နှာက အနည်းငယ်မျှ နီမြန်းသွားသည်။အခု အစ်ကိုက တကယ်ပဲ ဘာဖြစ်ချင်နေတာပါလိမ့်။

"ကိုယ်မင်းကို သဘောကျတာ သိရဲ့သားနဲ့ကို မသိချင်ယောင်ဆောင်နေတာတော့ မကောင်းဘူးလေ၊ညီ"

အစ်ကို့ဆီမှ ထွက်လာသော ခပ်တိုးတိုးစကားသံက သူ ကြားဖိုရန် လုံလောက်သည်။နှုတ်ခမ်းကို ခပ်နာနာဖိကိုက်ရင်း တစ်ဖက်သို့ မျက်နှာလွှဲလိုက်မိသည်။ရုတ်တရက် ဒီအခြေအနေကြီးက သူ့ကို စိတ်လှုပ်ရှားနေသည်။သူဒီနေရာက ထွက်ပြေးချင်စိတ်က ထိန်းမရတော့။

"မင်းက ဆိုးလွန်းတယ်၊ညီ"

"ဘာကို...ကျွန်တော်က ဘယ်မှာဆိုးနေလို့လဲ!"

မျက်မှောင်ကြုံ့၍ ပြောလေတော့ အစ်ကိုက သဘောတကျရယ်ကာ သူ့ဆံပင်တို့ကို ဖွလာသည်။ထို့နောက် သူကိုယ်တိုင်ပင် ပြန်သပ်တင်ပေးကာ နှဖူးကို ခပ်ဖွဖွတောက်သည်။အစ်ကို့မျက်လုံးထဲမှာ သူ့ကိုကလေးတစ်ယောက်လို့များ မြင်နေတာလားမသိ။

ConfessionWhere stories live. Discover now