Unicode
'သူငယ်ချင်းဆိုတဲ့စကားလုံးလေးကို နောက်ဆုံးတော့သိခွင့်ရခဲ့ပီ'
"ဟိတ် ဟိုရှေ့ကအကောင်..."
အနောက်ကနေကြားရတဲ့အသံတွေကိုလစ်လျူရှုရင်း ဆော့ဂျင် စာအုပ်တွေသာစီနေလိုက်သည်... မုန့်စားဆင်းချိန်ဖြစ်၍အတန်းထဲတွင်ဘယ်သူမှမရှိတော့ ဆော့ဂျင်တယောက်သာ ဆရာမစီခိုင်းသည့်စာအုပ်များကိုစီနေခြင်းဖြစ်သည်....
"မင်းငါတို့ခေါ်နေတာကို မကြားချင်ယောင်ဆောင်နေတာလား"
'ဒုန်း!!!'
ဆော့ဂျင်ရဲ့ပုခုံးတဖက်ကိုဆွဲပီး ကျောက်သင်ပုံးနဲ့ပစ်ကပ်လိုက်တဲ့အရှိန်ကြောင့် ဆော့ဂျင်ရဲ့ဘယ်ဘက်ပုခုံး အတော်ပင်အောင့်တက်သွားသည်...
"အဟက် သူများချစ်သူကိုလုယူတဲ့မိန်းမကြီးရဲ့သားဆိုတော့ ရုပ်ဆိုးဆိုးလေးဖြစ်မယ်ထင်ထားတာ... အခုတော့အလှလေးပါလား သေချာကြည့်လေပိုလန်းလေကွာ"
ဆော့ဂျင်ရဲ့မျက်နှာကို ပွတ်သီးပွတ်သပ်လုပ်လာတဲ့ထိုသူတို့... ကြည့်ရတာဒီအတန်းကတော့ဟုတ်မည်မထင်... အတန်းကြီးထဲကဖြစ်ပေမည်... အရပ်ရှည်ရှည်ဒေါင်ကောင်းကောင်းအလယ်တန်းကျောင်းသား3ယောက်ဟာဆော့ဂျင်ကို
လိုက်နှောက်ယှက်နေခြင်းပင်..."မင်း ငါတို့နဲ့အတူတူမကစားချင်ဘူလား ပျော်စရာတော့ကောင်းမှာကွ ဟား... ဟား..."
မူလတန်းပဲရှိသေးသည့်ဆော့ဂျင်ကိုအတင်းဆွဲဖက်လာသည့် ထိုလူတို့ကြောင့် ဆော့ဂျင်အားကုန်သုံး၍ရုန်းမိသည်... သို့သော်မည်မျှပင်ရုန်းပါစေအရာမထင်ပေ...
"မင်းအမေက သူများရည်းစားကိုဘယ်လိုလုရတာလဲဆိုတာ မင်းကိုမသင်ပေးထားဘူးလား... အဟက်... မင်းဒါမျိုးတွေကောင်းကောင်းလုပ်တတ်မှာပါကွာ ဟား.... ဟား"
ဆော့ဂျင်၏သည်းခံမှုများ အဆုံးစွန်ထိရောက်ရှိသွားပီဖြစ်သည်...
ဆော့ဂျင်မေမေ၏မကောင်းကြောင်းများကို ပါးစပ်အရသာခံပြောနေသည့်ထိုသူတို့ကိုစေ့စေ့ကြည့်ရင်း ဘောပင်နဲ့ထိုသူတို့ထဲကတယောက်ရဲ့မျက်လုံးကိုအားနဲ့ထိုးစိုက်ချပစ်လိုက်သည်....
YOU ARE READING
အချစ်ကိုပေးခဲ့သည်(အခ်စ္ကိုေပးခဲ့သည္)√
FanfictionUnicode ပေးတိုင်းပြန်မရတတ်တာအချစ်လား?? အချစ်ကိုပေးခဲ့ပေမဲ့အမုန်းကိုပြန်ရတဲ့အတွက်ငါ၀မ်းမနည်းပါဘူး... ဒါပေမဲ့မင်းကိုချစ်တဲ့ဒီရင်ခွင်ရဲ့တနေရာမှာမင်းပေးခဲ့တဲ့ဒဏ်ရာတွေအများကြီးပဲ.. အဲဒီဒဏ်ရာတွေကိုပဲငါကအရူးတယောက်လိုဖက်တွယ်နေမိတယ်... မမေ့ပါနဲ့မင်းကိုသိပ်ချ...