Unicode
လဲကျသွားတဲ့ဆော့ဂျင်ကို ပွေ့ချီရင်း အရေးပေါ်ခန်းစီကိုပွေ့ခေါ်သွားတို့ဂျန်းကုကို ဘယ်ဆရာ၀န် ဘယ်ဆရာမမှတားလို့မရခဲ့ပါဘူး..
သူ့ရဲ့မျက်လုံးတစ်စုံဟာ နာကျင်နေဟန်ပေါ်နေသည့် ဆော့ဂျင်ပေါ်တွင်သာရှိနေပီး ထွေးပွေ့ထားသည့်လက်တစုံဟာလည်း အတန်ငယ်တုန်းရီလို့နေခဲ့သည်..."ဂျန်းကု ဆရာ၀န်တွေစမ်းသပ်ရဦးမယ်လေ..
မင်းခနလောက်လွှတ်ပေးလိုက်ပါဦး"ယွန်းဂီပြောမှ ဆော့ဂျင်ကုတင်ပေါ်မှာအသာအယာချကာ ၀မ်းနည်းတကြီးစိုက်ကြည့်နေတဲ့ ဂျန်းကု..
ယွန်းဂီ ဂျန်းကုရဲ့ပုခုံးပေါ်ကိုလက်တဖက်တင်လိုက်ရင်း.."ဂျန်းကု မင်းအဲ့လောက်စိုးရိမ်မနေပါနဲ့
ဆော့ဂျင် သူဘာမှဖြစ်မှာမဟုတ်ပါဘူး..
မင်းလည်းသိသားနဲ့ ဆော့ဂျင်ဘယ်လောက်ထိသန်မာတယ်ဆိုတာ"ဂျန်းကုက ဝေ့သီနေတဲ့မျက်ရည်တွေကိုထိန်းချုပ်လိုက်ရင်း..
"သူကသန်မာချင်ယောင်ဆောင်နေတာ..
ပီးတော့ သူငါနဲ့ကွာရှင်းမယ်ပြောတယ်..
ငါသူ့ကို ဒုက္ခတွေအများကြီးပေးခဲ့တာတောင် ဘယ်တုန်းကမှဒီစကားမပြောခဲ့ဘူး
ကြည့်ရတာ သူ..သူငါ့ကိုတကယ်စိတ်ပျက်သွားပီထင်တယ်"ယွန်းဂီလည်း ဂျန်းကုကိုဘယ်လိုနှစ်သိမ့်ပေးရမယ်မှန်းမသိတော့..
ဆော့ဂျင်ဘယ်လောက် ဆုံးဖြတ်ချက်ပြတ်သားတယ်ဆိုတာသူတို့အသိဆုံး..
ကွာရှင်းမယ်ဆိုတဲ့စကား..
အဲ့ဒီစကားကို ဆော့ဂျင်လွယ်လွယ်နဲ့ပြောခဲ့တာမဖြစ်နိုင်ဘူး..ဆရာ၀န်ကြီးတွေက ဆော့ဂျင်ကို စမ်းသပ်မှုတွေပြုလုပ်ပီးတဲ့နောက် အုပ်ထိန်းသူတွေကို ခေါ်တဲ့အခါ ဂျန်းကုနဲ့ဟိုဆော့ ဆရာ၀န်ကြီးတွေနောက်ကိုလိုက်သွားခဲ့တယ်..
"လူနာက အရမ်းကိုအားနည်းနေပါတယ်..
မကြာသေးခင်က ကိုယ်၀န်ဖျက်ချဖို့အထိတောင်လုပ်ခဲ့တာဆိုတော့
လူနာ့ကျန်းမာရေးက အနည်းငယ်စိုးရိမ်ရပါတယ်"ဟိုဆော့က သူ့ရဲ့တုန်နေတဲ့လက်နှစ်ဖက်ကိုအသာထိန်းကိုင်ရင်း တုန်တုန်ရီရီဆိုလာလေသည်..
YOU ARE READING
အချစ်ကိုပေးခဲ့သည်(အခ်စ္ကိုေပးခဲ့သည္)√
FanfictionUnicode ပေးတိုင်းပြန်မရတတ်တာအချစ်လား?? အချစ်ကိုပေးခဲ့ပေမဲ့အမုန်းကိုပြန်ရတဲ့အတွက်ငါ၀မ်းမနည်းပါဘူး... ဒါပေမဲ့မင်းကိုချစ်တဲ့ဒီရင်ခွင်ရဲ့တနေရာမှာမင်းပေးခဲ့တဲ့ဒဏ်ရာတွေအများကြီးပဲ.. အဲဒီဒဏ်ရာတွေကိုပဲငါကအရူးတယောက်လိုဖက်တွယ်နေမိတယ်... မမေ့ပါနဲ့မင်းကိုသိပ်ချ...