*31*

2.5K 212 24
                                    

Unicode

ထယ်ယောင်း ဂျီမင့်အမေဖြစ်သူပေးတဲ့လိပ်စာအတိုင်း‌သွားရှာတော့ တွေ့ရတဲ့အိမ်တလုံး..
အရမ်းကျယ်၀န်းတဲ့အိမ်မဟုတ်သော်လည်း အသင့်အတင့်ကျယ်၀န်း၍ အိမ်ရှေ့ပန်းခြံလေးနဲ့နေချင်စဖွယ်ရှိလှသည်..

"Jimin Hyung
မြန်မြန်လာပါဆိုနေ Stevenကျောင်းနောက်ကျတော့မယ်"

ခြံရှေ့ကိုပြေးထွက်လာတဲ့ ထိုကလေးလေးကြောင့် မမြင်အောင်ထယ်ယောင်းကားထဲမှာ ခေတ္တခေါင်းငုံ့နေလိုက်သည်..

"ရပါပြီ သွားမယ်လေ..
ငါ့ညီလေးဒီနေ့ကျောင်းကို အရမ်းတွေသွားချင်နေပါ့လား"

ကြားနေကျထိုအသံကိုကြားလိုက်တော့ ဘာရယ်မဟုတ် ထယ်ယောင်းပြုံးမိသွားသည်..
Stevenကသူ့ရဲ့သွေးသားမှန်းသိစဉ်က သူအဆိုးရိမ်ဆုံးက ထိုကလေးပင်..
သို့သော် သူစိုးရိမ်စရာမလိုမှန်းသိတယ် ပတ်ဂျီမင်ဆိုသည့်ထိုလူသားဟာ သူ့ရဲ့သားလေးအတွက် အတတ်နိုင်ဆုံး အစွမ်းကုန် ဖြည့်ဆည်းပေးမယ်ဆိုနာ သေချာနေသည်..

*Ring Ring*

Contactမှာ ပေါ်လာတဲ့မာမည်ကြောင့် ထယ်ယောင်း စိတ်ရှုပ်စွာသက်ပြင်းချလိုက်မိသည်...

"ဘာကိစ္စရှိလို့ပါလဲ Mrs Kim"

"အဟက် မင်းရဲ့စကားကိုပြင်ပြောစမ်း ကမ်ထယ်ယောင်း
ငါမင်းရဲ့အဖေ!"

တဖက်ကလူရဲ့အသံကြောင့် ထယ်ယောင်းရယ်မိတော့မလိုပင်..

"အဖေလို့အခေါ်ခံချင်ရင် အဖေပီသအောင်အရင်နေရမှာပေါ့
ငယ်ငယ်ကတည်းက အပြင်မှာတချိန်လုံးပွေရှုပ်နေပီး အမေ့နာရေးကိုတောင် ရောက်မလာတဲ့ ခင်များ..
အဲဒီရောက်မလာအကြောင်းပြချက်ကိုရော ကျွန်တော်ပြောပြပေးရဦးမလား!"

"မင်း တော်လိုက်စမ်း ကမ်ထယ်ယောင်း
ငါမင်းနဲ့ဒါတွေပြောနေဖို့အချိန်မရှိဘူး..
မင်း မနက်ဖြန်စေ့စပ်ပွဲကိုလာကိုလာရမယ်"

ထယ်ယောင်း လက်သီးကိုတင်းကျပ်စွာဆုပ်လိုက်မိသည်..

"ကျွန်တော်မလာနိုင်ပါဘူး
အကယ်၍ သတို့သားလောင်းမရှိတဲ့ စေ့စပ်ပွဲကိုလုပ်ချင်တယ်ဆိုလည်း ခင်များသဘောပါပဲ"

အချစ်ကိုပေးခဲ့သည်(အချစ်ကိုပေးခဲ့သည်)√Where stories live. Discover now