*23*

2.4K 212 32
                                    

Unicode

"ဒီလူ့ကို ငါတို့ဘယ်နေရာထားကြမလဲ"

ယွန်းဂီရဲ့စကားအဆုံးမှာ ဟိုဆော့ကတော့ ထိတ်ထိတ်ပြာပြာပင်...

"ဆေး ဆေးရုံပို့..."

"မဖြစ်ဘူး ဟိုဆော့
သူ့ကိုဆေးရုံပို့ရင် ထယ်ယောင်းဒုက္ခရောက်လိမ့်မယ်"

ဆော့ဂျင်ကတော့ ယွန်းဂီတို့စကားပြောနေသည်ကိုကြားဟန်မပေါ် သူ့ရဲ့မျက်၀န်းတွေက ထိုသူရဲ့လည်ပင်းက ဆွဲကြိုးလော့ကတ်သီးစီမှာပင်..
ဒီလော့ကပ်သီးကို သူတနေရာရာမှာ မြင်ဖသလိုခံစားနေမိသည်...

"ဆော့ဂျင်! ဟိတ်ကောင် ဆော့ဂျင်!"

ယွန်းဂီရဲ့စိတ်မရှည်တဲ့အသံကြားမှ ‌‌ေဆာ့ဂျင် မျက်ခုံးကိုအနည်းငယ်တွန့်ချိုးလိုက်မိသည်..

"မင်းအမြင်ကရော?"

ဆော့ဂျင်က ဘာကိုလဲဟူသောအကြည့်ဖြင့်ကြည့်နေလေတော့ ယွန်းဂီကိုယ့်နဖူးကိုယ်ပင်ပြန်ရိုက်ချင်စိတ်ပေါက်သွားရသည်..

"သူ့ကိုဘယ်မှာခနထားရင်ကောင်းမလဲ မေးနေတာ"

ဆော့ဂျင် အနည်းငယ်တိတ်ဆိတ်နေပီးမှ..

"ငါတနေရာသိတယ် သူနဲ့လိုက်မဲ့တနေရာ"

ဆော့ဂျင်ရဲ့အေးစပ်စက်အပြုံးဖျက်ကနဲ ပေါ်သွားချိန်မှာ ယွန်းဂီပင် ကြက်သေသေသွားမိသည်..
ယွန်းဂီစိတ်ထဲတွင်တွေးမိသည်က..
ဒီကောင်ဆော့ဂျင်အတော်ချောတာတော့ချောသည်..
သို့သော် အန္တရာယ်ရှိသည့်အလှမျိုး..
.
.
.
.
.
.
.
.
.
.
.
.
.
.
"တ.. တကယ်ဒီနေရာမှာထားမှာလား?"

ဟိုဆော့က တုန်တုန်ရီရီနဲ့ ယွန်းဂီနောက်မှာပုန်းရင်းမေးလာလေသည်..
ဆော့ဂျင်ကတော့ နည်းနည်းလေးပင်ကြောက်ဟန်မပေါ်..

"ဒါ ဒါက အလောင်းတွေထားတဲ့ နေရာကြီးလေ"

"အင်း သူနဲ့သိပ်ကိုလိုက်တဲ့နေရာလေ
အပုပ်နံ့အချင်းချင်းဖုံးမိတာပေါ့"

ဆော့ဂျင် ပြောနေရင်းပင်အခေါင်းလွတ်တလုံးရဲ့ အဖုံးကိုဆွဲဖွင့်လိုက်လေသည်..

*အဟွတ်* အဟွတ်*

ထွက်လာတဲ့အနံ့စူးစူးကြောင့် ဟိုဆော့တင်မကပဲ ယွန်းဂီပင်အသက်ရှူကျပ်သွားသလိုပင်..

အချစ်ကိုပေးခဲ့သည်(အချစ်ကိုပေးခဲ့သည်)√Where stories live. Discover now