*36*

2.3K 215 13
                                    

Unicode

"ဂျန်းဟိုဆော့
ကျွန်တော်တို့နဲ့လိုက်ခဲ့ရပါမယ်
ဂျန်းဟိုဆော့ကို လူသတ်မှု မူးယစ်‌ဆေးမှုတွေနဲ့ဖမ်းဆီးလိုက်ပါတယ်"

ဟိုဆော့ လက်ကိုပူးတွဲချိတ်လိုက်တဲ့ လက်ထိပ်ကိုအချိန်အတော်ကြာစိုက်ကြည့်နေမိသည်..
သူလုပ်ခဲ့သမျှတွင် မည်သည်ကိုမျှနောင်တရသည်မရှိ..
အကုန်လုံးကအကိုဆော့ဂျင်အတွက်သာ...

"ဂျီမင်
ငါမရှိတဲ့အချိန်အတွင်း အကိုဆော့ဂျင်ကိုစောင့်ရှောက်ထားပေးပါ
အကိုက သန်မာသလိုဟန်ဆောင်နေပေမဲ့ ဒဏ်ရာတွေအများကြီးနဲ့လူပါ"

"မင်း စိတ်ချလက်ချသာသွားပါ
ငါအခုကစပြီး ပြဿနာတွေကနေ ထွက်မပြေးတော့ဘူး"

"ကျေးဇူးတင်ပါတယ် ဂျီမင်
ပီးတော့ တောင်းပန်ပါတယ်
စိတ်ရင်းနဲ့ပါ"

ဟိုဆော့ ရဲတွေနောက်ကနေအသာလိုက်သွားလိုက်သည်..
သို့သော် သူ့ရဲ့လက်မောင်းကနေတစုံတယောက်က ဆွဲပီး သူ့ကိုပွေ့ဖက်လိုက်သည်..
ထိုလူကတော့ သူချစ်ရတဲ့ မင်...

"မင် ကျွန်တော့ကို လာမတွေ့တော့ဘူးထင်နေတာ.."

"ကိုယ်မင်းကိုစောင့်နေမယ် ဟိုဆော့
အချိန်တွေဘယ်လောက်ကြာကြာ မင်းကိုစောင့်နေမယ်"

"ကျွန်တော်လိုလူကိုစောင့်ဖို့ မင့်ရဲ့အချိန်တွေက အရမ်းနှမြောဖို့ကောင်းတယ်လေ
မင် ကောင်းတဲ့လူတယောက်နဲ့တွေ့ပီး ကျွန်တော့ကိုမေ့သွားရင်လည်း ကျွန်တော်အပြစ်မတင်ပါဘူး"

"ကိုယ့်အတွက်တော့ မင်းထက်ကောင်းမဲ့သူဆိုတာမရှိတော့ဘူး ဟိုဆော့"

"ဟိုဘီလို့ ခေါ်ပေးနိုင်မလား မင်
ကျွန်တော် မင်ခေါ်တာကိုကြားချင်တယ်"

ယွန်းဂီ ဟိုဆော့ရဲ့နဖူးကို အသာနမ်းလိုက်ရင်း..

"ဟိုဘီ မင်းကို ကိုယ်အရမ်းချစ်တယ်"

'လုံလောက်သွားပီမင်
မျိုးရိုးနာမည်ရော မိဘရောမရှိဘဲ မေတ္တာငတ်ခဲ့ရတဲ့ မိဘမဲ့ဂေဟာကကောင်လေး ဟိုဘီက မင်နဲ့အကိုဂျင်ရဲ့အချစ်တွေနဲ့ ဘ၀ကိုဘယ်တော့မှလက်လျော့မှာမဟုတ်ပါဘူး
အကိုဂျင်က ဘ၀အသစ်တခုနဲ့ နာမည်သစ်တခုငိုပေးခဲ့တယ်
မင်က ကျွန်တော့ကိုချစ်တတ်အောင်သင်ပေးခဲ့တယ်
ကျေးဇူးတင်ပါတယ် အကိုနဲ့မင်'
.
.
.
.
.
.
.
.
.
.
.
"မင်းဘာလို့ သတိရမလာသေးတာလဲဂျင်
ကိုယ့်ကို အပြစ်ပေးနေတာလား
ဒီနေ့မင်းညီတယောက်လိုသဘောထားတဲ့ ဂျန်းဟိုဆော့သူအဖမ်းခံလိုက်ရတယ်
ကိုယ် သူ့ကိုဘာမှမပြောနိုင်ဘူး
သူမင်းအတွက်လုပ်တယ်ဆိုတာကို ကိုယ်သိတယ်
သူကတကယ်ကိုကျေးဇူးတင်စရာကောင်းတဲ့လူပဲ"

အချစ်ကိုပေးခဲ့သည်(အချစ်ကိုပေးခဲ့သည်)√Where stories live. Discover now